နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးဟု ဂျိုကိုဗစ် ပြော

ဩဂုတ်  ၈

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပမည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးကြောင်း ဂျိုကိုဗစ်က ပြောကြားခဲ့သည်။ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲသည် ဩဂုတ် ၃၁ ရက်တွင် စတင်မည်ဖြစ်သောကြောင့် ဂျိုကိုဗစ်အနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း ယင်းပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်ကိစ္စကို ဆုံးဖြတ်ရမည်ဖြစ်သည်။

COVID-19 ရောဂါကူးစက်ခံရပြီးနောက် ဝေဖန်မှုများဖြင့်ရင်ဆိုင်ခဲ့ရသည့် ဂျိုကိုဗစ်သည် လက်ရှိတွင် ရောဂါ ပျောက်ကင်းခဲ့ပြီး လေ့ကျင့်မှုများလည်း ပြုလုပ်လျက်ရှိသည်။ သို့သော် ယင်းအနေဖြင့် အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ပျံ့နှံ့မှုနှုန်းမြင့်မားနေသည့်အတွက် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရခက်နေခြင်းဖြစ်သည်။

ဂျိုကိုဗစ်က “နယူးယောက်မှာ တင်းနစ်ကစားရတာ ကျွန်တော် ဘယ်လောက်ထိ နှစ်သက်သလဲဆိုတာကို အားလုံးသိကြပါတယ်။ နယူးယောက်က တင်းနစ်ကွင်းတွေဟာ ကျွန်တော့်ကို ခွန်အားရစေပါတယ်။ ဘယ်လောက်ပဲ ခက်ခဲတဲ့ပြိုင်ပွဲဖြစ်နေပါစေ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာကို သဘောကျပါတယ်။ အဲဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အချိန်ယူစဉ်းစားသွားမှာပါ။ မိသားစုနဲ့လည်း တိုင်ပင်ရမှာပါ။ နောက်ပြီးတော့ နည်းပြ အဖွဲ့နဲ့လည်း စကားပြောရဦးမှာပါ။ ကျွန်တော် ဘာပဲလုပ်လုပ် ကျွန်တော်ချစ်တဲ့သူတွေရဲ့ မျက်နှာကို ပြန်ကြည့် ပေးရမှာပါ။ စိတ်ခံစားမှုအရဆိုရင် ကျွန်တော် ဒီတင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်”ဟု ပြောကြားခဲ့သည်။      

(သူရိန်)






အခြားဆက်စပ်သတင်းများ