နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြို့ပင်ကောက်မြို့တွင် COVID-19 ရောဂါ Case-79 ၏မိသားစုအား အထက(ကြို့ပင်ကောက်) Facility Quarantine Centre တွင်ထားရှိ၍ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

ကြို့ပင်ကောက် ဧပြီ ၁၇ ကြို့ပင်ကောက်မြို့ ကျွန်းကုန်းကြီးအုပ်စု ရွာသာကုန်းကျေးရွာတွင် COVID-19 ရောဂါ Case-79 ခေတ္တ နေထိုင်သွားကြောင်းသတင်းရရှိ၍ မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ ဧပြီ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က သွားရောက်၍ ဦးဖြိုးဝေအောင်နှင့် အတူနေ မိသားစု ၆ ဦး အား အ.ထ.က(ကြို့ပင်ကောက်) Facility Quarantine Centre တွင် ထားရှိပြီး ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှု များဆောင်ရွက်ပေးထားကြောင်းသိရသည်။ ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါ Case-79 ဦးဖြိုးဝေအောင်သည် မတ်လ ၂၈ ရက်တွင် ကြို့ပင်ကောက်မြို့သို့ ရထားဖြင့်ပြန်လာရာ ညနေ ၆နာရီ ရထားဆိုက်ရောက်ခဲ့ကြောင်း ရွာသာကုန်းကျေးရွာတွင်ခေတ္တနေထိုင်ပြီး ရန်ကုန်မြို့သို့ပြန် ဧပြီ လ ၇ ရက်နေ့မနက် ၆ နာရီပုဂံ ရထားနဲ့ပြန်သွားခဲ့ကြောင်း ယင်းအလုပ်လုပ်ရာ ပန်ပစိဖိတ်ဟိုတယ်သို့ ပြန်ရောက်အလုပ်လုပ်နေပြီး တစ်ရက်နှစ်ရက်ခန့်နေစဉ် ဟိုတယ်မန်နေဂျာနှင့် တစ်ခန်းတည်းအိပ်ခဲ့ကြောင်း နောက်ရက်တွင် ဟိုတယ်မန်နေဂျာမှာ နေမကောင်းဖြစ်၍ အိမ်ပြန်သွားပြီးမှ ကိုဖြိုးဝေအောင်မှာ လည်ချောင်းယားယံခြင်း၊ ချောင်းဆိုးခြင်းများခံစားလာရ၍ ဟိုတယ် ဆရာဝန်နှင့် သွားရောက်စစ်ဆေးခဲ့ရာ ဟော်တယ်ဆရာဝန်မှ စိတ်ချရအောင် အနောက်ပိုင်းဆေးရုံသွားစစ်ပါဟု စစ်ခိုင်းလိုက်ရာ COVID -19 ပိုးတွေ့ရှိကြောင်း ဦးဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မယမင်းသူက ပြောသည်။ ယနေ့အချိန်အထိ မိသားစု ၆ ယောက်လုံး မယမင်းသူ၊ ဦးမြင့်စိုး၊ ဒေါ်စန်းဌေး၊ မအိအိစိုး၊ မောင်ဉာဏ် ကောင်းဆက်၊ မထည်ဝါအောင်တို့မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကြို့ပင်ကောက်မြို့ အ.ထ.က (ကြို့ပင်ကောက်)ကျောင်း Facility Quarantine Centre တွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းတို့နေထိုင်ရာ ကျွန်းကုန်းကြီးအုပ်စု ရွာသာကုန်းကျေးရွာအား အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ထားကြောင်းသိရသည်။ ဇေယျာထွန်း (ကြို့ပင်ကောက်)






အခြားဆက်စပ်သတင်းများ