နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီမှာ သွင်းဂိုးတွေရဖို့ခက်ခဲနေတဲ့ ရော်နယ်ဒို

ဩဂုတ်  ၈

စီရော်နယ်ဒိုဟာ သူယှဉ်ပြိုင်တဲ့ပြိုင်ပွဲတွေရဲ့ ဂိုးသွင်းဘုရင်ဆုအမြဲလိုလိုရှေ့က ဦးဆောင်တဲ့ကစားသမားတစ်ယောက်ပါပဲ။  သူ့အတွက်သွင်းဂိုးတွေဆိုတာ ခက်ခက်ခဲခဲမရှာဖွေရပါဘူး။ ဒါပေမယ့် စီးရီးအေမှာတော့ နှစ်ရာသီလုံးရော်နယ်ဒိုအတွက် ခက်ခဲစွာပဲဂိုးတွေရှာဖွေနေရ ပါတယ်။

အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုနှစ်တိုင်းရသော်လည်း တစ်ဦးချင်းဆုတွေနဲ့ ဝေးကွာနေရပါတယ်။ စီးရီးအေချန်ပီယံဆုက ဂျူဗင်အတွက်ရရှိပေမယ့် ဂိုးသွင်းချန်ပီယံဆုကတော့ ရော်နယ်ဒိုအတွက် ဝင့်ကြွားစရာဆုပါ။ ဒါပေမယ့် ဒီရာသီမှာရော်နယ်ဒိုက စီးရီးအေသွင်းဂိုး ၃၁ ဂိုးသာသွင်းနိုင်ပြီး အီမိုဘီလီကသွင်းဂိုး ၃၆ ဂိုးသွင်းကာ ရွှေဖိနပ်ဆုကိုရသွားတာကြောင့် ရော်နယ်ဒိုတစ်ယောက် ပထမရာသီမှာ တိုက်စစ်မှူးကြီး ကွာဂလီရယ်မကျော်နိုင်ခဲ့သလို ဒုတိယရာသီမှာလည်း လာဇီယိုတိုက်စစ်မှူး အီမိုဘီလီကို မကျော်နိုင်ခဲ့ဘဲ ရွှေဖိနပ်ဆုကို လက်လွှတ်ခဲ့ရပါတယ်။ နည်းပြဆာရီရဲ့ကစားဟန်ကို ရော်နယ်ဒို၊ ဂျူဗင် တို့ အခုချိန်ထိ အံမဝင်သေးတာကြောင့် တိုက်စစ်ပိုင်းအင်အားနည်းနေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်ဒို တစ်ယောက်ကတော့ ပရီးမီးယား၊ လာလီဂါတွေမှာ ရွှေဖိနပ်ဆုတွေရခဲ့ပေမယ့် အီတလီမြေမှာတော့ အလံဖြူထောင်နေရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ