နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Instagram က TikTok ကို ယှဉ်ပြိုင်မည့် feature သစ်ဖြန့်ချိ

သြဂုတ် ၈

Instagram က ၁၅ စက္ကန့်စာ ဗီဒီယိုကလစ်များကိုဖမ်းယူတည်းဖြတ်နိုင်မည့် Reels feature သစ်ကို မိတ်ဆက်လိုက်သည်။
Reels ကTikTok ကဲ့သို့နောက်ခံအသံဖြင့် အထူးလုပ်ဆောင်ချက် creative tools သစ်များစွာ ပါဝင် သည့် feature တစ်ခုဖြစ်သည်။ Reels ကိုအမေရိကန်၊အိန္ဒိယ၊ ဘရာဇီး၊ပြင်သစ်၊ ဂျာမဏီ၊ယူကေ နှင့် ဂျပန်တို့အပါ အဝင် နိုင်ငံပေါင်း ၅၀ တွင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း Hypebeast သတင်းတွင်ဖော်ပြထားသည်။

Instagram ၏ဗီဒီယို feature သစ်တွင် AR effects ၊ countdown timer နှင့်သီချင်းကဲ့သို့ Editing tools သစ်များပါဝင်လာမည်ဖြစ်ပြီး Instagram Reels ကအပေါ်ဘယ်ဘက် Instagram Camera ခလုတ်တွင်ပါရှိသည်။ Interface ဒီဇိုင်းလည်းပြောင်းထားပေးသည်။ Reels တွင်ပြုလုပ်ထားသည့် ဗီဒီယိုကိုပြန် share ခြင်းသည် ပုံမှန်ပို့စ်များ၊ Live video များ share ခြင်းများကဲ့သို့ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

မိမိကိုယ်တိုင်ဖန်တီးထားသည့်ဗီဒီယိုများ share ချိန်တွင်လူတိုင်းမြင်တွေ့နိုင်စေရန် လုပ်ဆောင် နိုင်သကဲ့သို့ Private ထားပြီးမိမိကို follow လုပ်သူများသာတွေ့မြင်စေရန် ပြုလုပ်နိုင်သည်။ Reels ဗီဒီယိုများသည်ပုံမှန်ဓါတ်ပုံ၊ ဗီဒီယိုတစ်ခုကဲ့သို့ကြည့်ရှုနိုင်မည်ဖြစ်ပြီး Feed နှင့် Discover tab တို့တွင်တက်လာမည်ဖြစ်သည်။

ယင်း Reels features ကိုဘရာဇီးတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစမ်းသပ်ခဲ့ပြီး လက်ရှိတွင်ယင်း feature ကိုအမေရိကန်၊ ယူကေ၊ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျ၊ ပြင်သစ်နှင့် ဂျာမနီတို့တွင်ဖြန့်ချိထားကြောင်း သိရသည်။

(HWY)






အခြားဆက်စပ်သတင်းများ