နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာသာစကား (၈) မျိုး ပြန်ဆိုပေးနိုင်သည့် Smart Mask ဖန်တီး

သြဂုတ် ၈

COVID-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်ဖြစ်သောကြောင့် Mask များမဖြစ်မနေအသုံးပြုနေရသည့် ကာလဖြစ်သည့် အတွက်ကြောင့် ဂျပန် Donut Robotics  ကဖန်တီးမှုတစ်ခုပြုလုပ်ခဲ့သည်။ ယင်းကုမ္ပဏီက Smart Mask ကိုနည်းပညာဖြင့် ဖန်တီးပေါင်းစပ်ကာ Face Mask ကိုတီထွင်ခဲ့ခြင်းဖြစ်သည်။  communication နှင့် social distancing ကိုပိုမိုလွယ်ကူအောင် ဒီဇိုင်းဖန်တီးပေးထားကြောင်းသိရသည်။
C-Face Smart mask  App ဖြင့် ချိတ်ဆက်အသုံးပြုရခြင်းမျိုးဖြစ်သည်။

အသုံးပြုသူ၏အသံနှင့် စကားများကိုမတူသည့်ဘာသာစကား (၈) မျိုးဖြင့်ဘာသာပြန်ဆိုပေးနိုင်သည်။ Mask ၏အရှေ့ခြမ်းတွင် အသက်ရူရာ၌အဆင်ပြေစေရန် ဖန်တီးပေးထားသည်။ အဆင့်အတန်းမြင့် Face Mask တစ်ခုအဖြစ် ဖန်တီးပေးထားကြောင်း Donut Robotics ၏ CEO Taisuke Ono က ပြောထားသည်။အဆိုပါ Mask ကိုအဖြူရောင် ပလတ်စတစ်၊စီလီကွန်တို့ဖြင့်ဖန်တီးထားသည့်အပြင် မိုက်ခရိုဖုန်းလည်းပါရှိပြီး Bluetooth မှတစ်ဆင့်လည်းစမတ်ဖုန်းဖြင့်ချိတ်ဆက်အသုံးပြုနိုင်သည်။ System ကနေဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒို၊အင်္ဂလိပ်၊ စပိန်၊ပြင်သစ် စသည့်ဘာသာစကားများကို ဘာသာပြန်ဆိုပေးနိုင်သည့် mask ဖြစ်သည်။

အဆိုပါ mask ကိုဂျပန်ပြည်တွင်း၌ပထမအကြိမ် ဖြန့်ချိသွားမည်ဖြစ်ပြီး Mask အခုရေငါးထောင်မှ တစ်သောင်းကြားဖြန့်ချိသွားရန် ရည်ရွယ်ထားကြောင်းယင်း mask ကိုဒီဇင်ဘာလထဲတွင် စတင်ဖြန့်ချိသွား ရန်စီစဉ်ထားကြောင်း စျေးနှုန်းအနေဖြင့် ဒေါ်လာ (၄၀)နှင့် (၅၀) ကြားတွင် ရှိနိုင်ကြောင်း သိရသည်။

(WP)






အခြားဆက်စပ်သတင်းများ