နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 765G အသုံးပြုထားသည့် ZTE Axon 11 5G ကို ကြေညာ

ZTE က စမတ်ဖုန်းသစ် Axon 11 ကို ကြေညာလာသည်။ ZTE Axon 11 5G မှာ မျက်နှာပြင် ၆ ဒသမ ၄၇ လက်မ ထောင့်ကွေးရုပ်ထွက်သုံးထားသည်။ Opppo Find X မှာ သုံးထားသည့် ရုပ်ထွက်ဒီဇိုင်းမျိုး သုံးထားသည်။ ZTE Axon 11 5G ကို Qualcomm Snapdragon 765G Chipset နှင့်ပါဝါထောက်ပံ့ထားပြီး ဘက်ထရီ 4000 mAh ပါဝင်သည်။ 18W Quick Charge 4+ ဖြင့် အားသွင်းနိုင်သည်။ AI Facial Recognition ပါဝင်သည်။ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 64MP+8MP Ultrawide+2MP Macro+2MP Depth တို့ဖြစ်သည်။ Waterdrop Notch မှာ ရှေ့ကင်မရာ 20MP ပါဝင်သည်။ အဓိကကင်မရာမှာ f/1.89 Aperture သုံးထားပြီး Dual Video Image Stabilization Technology ထောက်ပံ့ထားသည်။ Stabilization က အဓိက ကင်မရာကိုသာမက မြင်ကွင်းကျယ်ကင်မရာနှင့် ဗီဒီယိုရိုက်ကူးမှုမှာလည်း ထောက်ပံ့ထားသည်။ အဆိုပါဖုန်းမှာ Bluetooth 5.1 ၊ NFC ၊ DTS:X Ultra ၊ HI-Fi Audio ၊ In-Display Fingerprint Scanner တို့ ပါဝင်သည်။ Android 10 အခြေခံ MiFavor 10 သုံးထားသည်။ ZTE Axon 11 5G ကို ဗားရှင်းသုံးမျိုးဖြင့် ရွေးချယ်နိုင်ပြီး 6GB+128GB ကို ဒေါ်လာ ၃၈၀ ၊ 8GB+128GB ကို ဒေါ်လာ ၄၂၁ နှင့် 8GB+256GB ကို ဒေါ်လာ ၄၇၇ သတ်မှတ်ထားသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ