နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်၊ ရုရှားနှင့် အီရန်နိုင်ငံများက အမေရိကန်သမ္မတရွေးကောက်ပွဲကို လွှမ်းမိုးရန် ကြိုးပမ်းနေဟု ဆို

ဩဂုတ် ၈၊ ဝါရှင်တန်

တရုတ်၊ ရုရှားနှင့် အီရန်နိုင်ငံများက ယခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးရန် ကြိုးပမ်းနေ သည်ဟု အမေရိကန်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတစ်ဦးက သတိပေးခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့တွင် အမျိုးသားတန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာ(NCSC) အကြီးအကဲ အီဗာနီနာက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများက မဲပေးမှုများကို ချုပ်ကိုင်နိုင်ရန်အတွက် လွှမ်းမိုးနိုင်မည့် စည်းမျဉ်းများကို ပုန်းသျှိုးကွယ်သျှိုးတစ်မျိုး၊ ပေါ်ပေါ်ထင်ထင်တစ်ဖုံ အသုံးပြုနေသည်ဟု အမေရိကန် တန်ပြန်ထောက်လှမ်းရေး အဖွဲ့ ဒါရိုက်တာက ထုတ်ပြန်ခဲ့သည်။ အဆိုပါနိုင်ငံများအနေဖြင့် ရွေးကောက်ပွဲတွင် ယင်းတို့အနိုင်ရစေလိုသူ ရှိပြီးသားဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ရုရှားနိုင်ငံမှာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုကို အထောက်အပံ့ဖြစ်စေရန် ကြားဝင်စွက်ဖက်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေး အကြီးအကဲက ပြောသည်။  သို့သော် ရုရှားနိုင်ငံက အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။  အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်မှုများရှိနေသည်ဆိုခြင်းကို မည်ကဲ့သို့ စီစဉ်ထားကြောင်း မေးမြန်းရာတွင် ဒေါ်နယ်ထရမ့်က '' ကျွန်တော်တို့အစိုးရအဖွဲ့က ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေပါတယ်''ဟု ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ