နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WLC လက်ဝှေ့ပွဲကို ဩဂုတ် ၂၈ ရက်တွင် ပြန်လည်ကျင်းပသွားမည်

ရန်ကုန်  ဩဂုတ်   ၈

WLC: Hideout Battle ဟုအမည်ပေးထားသည့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ဩဂုတ် ၂၈ ရက်တွင် ပရိသတ် မပါဘဲကျင်းပသွားမည်ဖြစ်ပြီး ယင်းလက်ဝှေ့ပွဲကိုမြန်မာနိုင်ငံနှင့် အခြားနိုင်ငံပေါင်း ၁၀၀ ကျော်တွင် ရုပ်သံများမှတစ်ဆင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
''ကမ္ဘာ့အဆင့်ပွဲတွေနဲ့အတူပြန်လာရတော့မယ့်အတွက် ဝမ်းသာပါတယ်။ ပထမဆုံးအမျိုးသမီးချန်ပီယံလုပွဲအတွက်လည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူတို့နှစ်ယောက်လုံးက ကမ္ဘာ့အဆင့်ဖိုက်တာတွေဖြစ်ပါ တယ်'' ဟု World Lethwei Championship – WLC ဥက္ကဋ္ဌ ဦးဇေသီဟကပြောသည်။

WLC ၏ (၁၂)ကြိမ်မြောက် ပြိုင်ပွဲဖြစ်သော WLC: Hideout Battle တွင် ခေါင်ပွဲအဖြစ် ပြင်သစ်ဖိုက်တာဆိုရိစ်မန်ဖက်ဒီနှင့် စပိန်လက်ဝှေ့မယ် မိုင်ရှာကက်ဇ်တို့ကဘင်တန်ဝိတ်တန်း အမျိုးသမီးကမ္ဘာ့ချန်ပီယံခါးပတ်  လုပွဲကိုရင်ဆိုင်ထိုးသတ်သွားမည်ဖြစ်သည်။

ဒုတိယခေါင်ပွဲအဖြစ် ဘင်တန်ဝိတ်(၅၁-၅၄ ကီလို)တန်းတွင် အကောင်းဆုံးစာရင်းဝင်ထားသည့် မြန်မာ နိုင်ငံသားစိုးမင်းအောင်နှင့် Max FC ကစ်ဘောက်ဆင်ကမ္ဘာ့ချန်ပီယံဟောင်း ဥဇဘက်ကစ္စတန်ဖိုက်တာအာသာတီတို့ကရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။

ယခုကဲ့သို့ ပရိသတ်မပါဘဲကျင်းပမည့် WLC: Hideout Battle လက်ဝှေ့ပွဲကိုဩဂုတ် ၂၈ ရက်၊ ည‌နေ ၆ နာရီခွဲမှစတင်၍ မြန်မာနိုင်ငံရှိ CANAL+နှင့် တိုက်ခိုက်ရေးသမား၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းဖြစ်သော UFC Fight Pass တို့တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ