နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်တရားခံ ၂ ဦး ဖမ်းဆီးရမိ

ရန်ကုန်  ဩဂုတ် ၈

 အမှုမှာ ဇူလိုင် ၃၁ ရက်၊  ညနေ ၅ နာရီအချိန်တွင် တရားလို ဦး----- ရခိုင်/ဗုဒ္ဓ၊ အမှတ်(၁၆၄)၊ ကောလိယ (၂၅)လမ်း၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် ၎င်းနှင့်ရင်းနှီးသည့် ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နေ မ-----က တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ (၆)လမ်း(ခ)၊ အမှတ်(၁၃၁)၊ (၄)လွှာနေ အစ်မဖြစ်သူ မလှလှကို ဖုန်းခေါ်မရသဖြင့် သွားရောက်ကြည့်ရှုပေးပါရန် အကူအညီတောင်းခံသောကြောင့် ည ၇ နာရီအချိန်တွင်  အဆိုပါတိုက်ခန်း၏ မြေရှင်၊ ဆယ်အိမ်မှူးတို့နှင့်အတူ သွားရောက်ကြည့်ရှုရာ နေအိမ်အိပ်ခန်း၌ မလှလှကို မှောက်လျက်အနေအထားဖြင့်လည်းကောင်း၊ မလှလှ၏ ခင်ပွန်းဖြစ်သူ ကိုထွန်းလှိုင်ကို အခြားအိပ်ခန်းတစ်ခုအတွင်း၌ ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် တရားခံအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တောင်ဥက္ကလာပမြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။

 အထူးအမှုစစ်အဖွဲ့က အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများ၊ သေဆုံးသူတို့၏ သတင်း အချက်အလက်များအား စုံစမ်းဆောင်ရွက်ခဲ့ပြီး တရားခံအမြန်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှု ကျူးလွန်သူမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စဉ့်ကူးလမ်းရပ်ကွက်၊ အကွက်(၁)၊ ဝိသာခါလမ်းနေ အောင်ကျော်မြင့် နှင့် ဘော်လုံးကွင်းရပ်ကွက်၊ မေယုလမ်းနေ ဝင်းမောင်တို့ဖြစ်နိုင်ကြောင်း မသင်္ကာဖွယ်ရာ သတင်းစကားများ စုံစမ်းသိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဖမ်းဆီးရမိရေး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

 ဩဂုတ် ၆ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်တွေနယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းထိုက်နှင့် အဖွဲ့မှ အမှုဖြင့်အလိုရှိသူ မသင်္ကာတရားခံ အောင်ကျော်မြင့်ကို စစ်တွေမြို့၊ စက်ရိုးကျတံတားအောက်မှ လည်းကောင်း၊ ဝင်းမောင်ကို စစ်တွေဆေးရုံကြီးရှေ့ သုံးဘီးဆိုင်ကယ်ဂိတ်မှလည်းကောင်း ဖမ်းဆီးရမိထား ကြောင်း အကြောင်းကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အထူးအမှုစစ်အဖွဲ့က ရရှိသတင်းအချက် အလက်များအား ရဲအုပ်သိန်းထိုက်ထံ ပေးပို့တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးမှာ ဇူလိုင် ၂၉ ရက်တွင် စစ်တွေမြို့မှ လေယာဉ်ဖြင့်လိုက်ပါလာပြီး ပြစ်မှုကျူးလွန်ကာ ဇူလိုင် ၃၁ ရက်တွင် စစ်တွေမြို့သို့ ပြန်သွားခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

 ပြစ်မှုကျူးလွန်သူ အောင်ကျော်မြင့် (၃၀)နှစ်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ နေ့စား ဝန်ထမ်း)၊ ဝိသာခါလမ်းကြား၊ စဉ့်ကူးလမ်းရပ်ကွက်၊ အကွက်(၁)၊ စစ်တွေမြို့နှင့် ဝင်းမောင် (၅၁)နှစ်၊ မေယုလမ်း၊ ဘော်လုံးကွင်းရပ်ကွက်၊ စစ်တွေမြို့နေသူတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ