နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၈

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၇ ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၂၀)ရပ်ကွက်၊ ဥယာဉ်လမ်းမပေါ်၌ နေလင်းထွန်းထံမှ အရိုးအသွား(၃၂)လက်မခန့်ရှိ ငှက်ကြီးတောင် ဓားတစ်ချောင်း၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် (၁၄)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၌ အောင်ဇော်မိုးထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီ ၁၀ မိနစ်အချိန် တွင် (၁၉)ရပ်ကွက်၊ ပေါင်းကူး (၆)လမ်းမပေါ်၌ မင်းသီဟဇော်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းကိုလည်းကောင်း၊
မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် ပြည်တော်သာရပ်ကွက်၊ ပြည်တော်သာ (၁)လမ်းမပေါ်၌ ပြည့်ဖြိုးအောင် ထံမှ အရိုးအသွား(၂၄)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ(၄)လမ်းမပေါ်၌ အေးမျိုးပိုင် ထံမှ အရိုးအသွား (၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊
ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် (၄)ရပ်ကွက်၊ နဝရတ် လမ်းမပေါ်၌ ထင်လင်းအောင်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီခွဲအချိန်တွင် စက်မှုဇုန်(၁)၊ ရန်ကုန်- ပုသိမ်ကားလမ်းမပေါ်၌ ကျော်စိုးနိုင်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ