နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့သောင်းမြို့တွင် ငွေကျပ် ၃,၈၆၂ ဒသမ ၃၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကော့သောင်း  ဩဂုတ် ၇


 ဩဂုတ် ၅ ရက်၊ ည ၇ နာရီ ၄၀ မိနစ်အချိန် ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ သီရိမြိုင်လမ်းတွင် သူရအောင် နှင့် သန်းလွင်ဦး တို့အား  စစ်ဆေး ရှာဖွေရာ သူရအောင်မှာ ထွက်ပြေးသွားပြီး သန်းလွင်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၉၆ ပြား သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ဩဂုတ် ၆ ရက်၊ နံနက် ၁ နာရီခွဲအချိန် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗန္ဓုလလမ်းနေ ကျော်မင်းသူ၏နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုခန်းအတွင်းရှိ မြေကြီးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆,၇၅၀ ပြား၊ ဗီရိုအတွင်းမှ မြန်မာငွေကျပ် ၅၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သန်းလွင်ဦး(၃၁)နှစ်၊ ကျော်မင်းသူ(ခ)ရဲရဲ(ခ)ငရဲ(၂၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၆ ရက်၊ နေ့လယ် ၃ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအနီး၊ မိုင်းရယ်-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၉/၅)အနီးတွင် မနန်းဆိုင်ဆာ မောင်းနှင်ပြီး မနန်းဟွမ်လှိုင် လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မနန်းဆိုင်ဆာ (၁၇)နှစ်၊ မနန်းဟွမ်လှိုင်(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ