နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်မြို့နယ်တွင် ငွေကျပ် ၁,၇၅၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖားကန့်  ဩဂုတ် ၇


 ဩဂုတ် ၅ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် TOYOTA  NOAH အမျိုး အစားခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ကျွမ်းရင်၊ မဟွာမိန်းစီ(ခ) မိအေးနှင့် မအေ တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၁၀၀ ပြား၊ မြန်မာငွေကျပ် ၅၆၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနေ မဘန်ဆိုင်း၏နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းကို လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကျွမ်းရင် (၂၁)နှစ်၊ မဟွာမိန်းစီ(ခ)မိအေး(၄၇)နှစ်၊ မအေ(၅၅)နှစ်၊ မဘန်ဆိုင်း(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၅ ရက်၊ ည ၁၁ နာရီအချိန် တူးကုန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ရမည်းသင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာအရှေ့ဘက်ရှိ ဒေသအခေါ်နှာဘူးတောင်အနီးတွင် မော်တော်ဆိုင်ကယ်(၃)စီးနှင့်အတူ တွေ့ရှိသည့် ဝေလင်းအောင်၊ သန်းတိုးအောင်၊ အောင်သူတို့အား စစ်ဆေးရှာဖွေရာ ဝေလင်းအောင်၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၃၃၃ ပြား၊ လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေကျပ် ၆၇၅,၀၀၀ နှင့် နာရီတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ဝေလင်းအောင်(၃၅)နှစ်၊ သန်းတိုးအောင်(၂၁)နှစ်၊ အောင်သူ(၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ