နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် တစ်လအတွင်း အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ သန်း ၂၀ အထိ ရှိလာ

ဝါရှင်တန် ဧပြီ ၁၇ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုများ လုပ်ထားချိန်တွင် စီးပွားရေးလုပ်ငန်းများ ပိတ်ထားရခြင်းကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်က အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသည့် အမေရိကန်နိုင်ငံသား ၅ ဒသမ ၂ သန်း ရှိခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တလေးပတ်အတွင်း အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာနသို့ အလုပ်လက်မဲ့ခံစားခွင့် လာရောက်လျှောက်ထားသူ သန်း ၂၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။ အဆိုပါပမာဏမှာ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အလုပ်ရှင်များ ဖန်တီးပေးခဲ့သည့် အလုပ်အကိုင်ပမာဏနှင့် တူညီနေသည်။ အ‌မေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၆၂၉၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၄၆၄၁ ဦး ရှိနေသည်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံတွင် စီးပွားရေးအကျပ်အတည်း ကြုံတွေ့ နေရာ အလုပ်လက်မဲ့ဖြစ်သူ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေသည်။ အလုပ်လက်မဲ့ဖြစ်သူ ရာခိုင်နှုန်း မှာ ဆယ်ဂဏန်းအထိ ရှိလာလိမ့်မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။ ဧပြီလ ၁၁ ရက် အဆုံးသတ်သည့် ရက်သတ္တပတ်တွင် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၅ ဒသမ ၂ သန်းရှိခဲ့သော်လည်း အဆိုပါပမာဏမှာ ဧပြီလ ၄ ရက်အဆုံးသတ်သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည်။ ဧပြီလ ၄ ရက် အဆုံးသတ်သည့် ရက်သတ္တပတ်တွင် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၆ ဒသမ ၆ သန်း ရှိခဲ့သည်။ (KNT)






အခြားဆက်စပ်သတင်းများ