နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧည့်သည်မရှိခြင်းကြောင့် ခရူဂျာဥယျာဉ်တွင် ခြင်္သေ့များ လမ်းပေါ်တွင် အိပ်စက်နေ

ဂျိုဟန်နက်စ်ဘတ်် ဧပြီ ၁၇ တောင်အာဖရိကနိုင်ငံ ခရူဂျာအမျိုးသားဥယျာဉ်သို့ ဧည့်သည်များရောက်မလာခြင်းကို အခွင့်ကောင်းယူပြီး ခြင်္သေ့တစ်အုပ်က လမ်းပေါ်တွင် တစ်ရေးတစ်မော အိပ်စက်ခဲ့ကြသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ခရူဂျာအမျိုးသားဥယျာဉ်မှ လုံခြုံရေး အစောင့်အကြပ် ရစ်ချက်ဆိုးရီက ကင်းလှည့်ခဲ့ရာ ပုံမှန်အားဖြင့် ခရီးသည်များ စည်ကားသည့်လမ်းပေါ်တွင် ခြင်္သေ့တစ်အုပ် အိပ်နေကြကြောင်း တွေ့ရ၍ ဓာတ်ပုံရိုက်ကူးခဲ့သည်။ ခရူဂျာအမျိုးသားဥယျာဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာ ကန့်သတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် မတ်လ ၂၅ ရက်ကတည်းက ပိတ်ထားရသည်။ ပုံမှန်အားဖြင့် ခြင်္သေ့များမှာ ညအချိန်တွင်သာ လမ်းပေါ် ထွက်လေ့ရှိသည်။ ခြင်္သေ့များမှာ ဆောင်းရာသီ၏ အလွန်ချမ်းအေးသည့်ညများတွင် အပူဓာတ်ရှိနေဆဲဖြစ်သည့် ကတ္တရာလမ်းများပေါ်ထွက်၍ အိပ်စက်လေ့ရှိကြသည်။ ခြင်္သေ့အုပ်ထဲတွင် အသက်အကြီးဆုံးခြင်္သေ့မမှာ ၁၄ နှစ်အရွယ်ရှိပြီး ခြင်္သေ့မတစ်ကောင်အတွက် အလွန် အိုမင်းနေသည့် အရွယ်ဖြစ်ကြောင်း ရစ်ချက်ဆိုးရီက ပြောသည်။ (KNT)






အခြားဆက်စပ်သတင်းများ