နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့စေခဲ့သည့် စည်းဝေးပွဲလုပ်ခဲ့၍ မွတ်စလင်ခေါင်းဆောင်ကို လူသေမှုဖြင့် စွဲချက်တင်

နယူးဒေလီ ဧပြီ ၁၇ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့စေခဲ့သည့် အစည်းအဝေးကျင်းပခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် မွတ်စလင်အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ကို လူသေမှုဖြင့် စွဲချက်တင်ခဲ့သည်။ ထင်ပေါ်ကျော်ကြားသည့် မွတ်စလင်အဖွဲ့ ခေါင်းဆောင် ခန်ဒါဝီသည် ပြီးခဲ့သည့်မတ်လက နယူးဒေလီမြို့ဗလီတွင် ကျင်းပခဲ့သည့် အစည်းအဝေးကို အဆုံးသတ်ရန် အကြောင်းကြားမှုနှစ်ခုကို ဥပေက္ခာပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ တာဘလီဂီဂျာမတ်အဖွဲ့မှာ မတ်လ ၃ ရက်နေ့မှစတင်၍ စည်းဝေးပွဲလုပ်ခဲ့ရာ အိန္ဒိယတစ်နိုင်ငံလုံးကို ပိတ်ဆို့မှု (Lockdown) လုပ်ခဲ့သည့် မတ်လ ၂၄ ရက်အထိ စည်းဝေးပွဲကို အဆုံးသတ်ခဲ့ခြင်းမရှိဟု ဆိုသည်။ COVID-19 ရောဂါပိုးရှိသည့် နိုင်ငံခြားသားများ တက်ရောက်ခဲ့သော အဆိုပါအစည်းအဝေးမှာ အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၁၇ ခုတွင် COVID-19 ကူးစက်မှု ၁၀၂၃ ခုအထိ ဖြစ်စေခဲ့သည်ဟု ယုံကြည်ထားသည်။ သို့သော် ခန်ဒါဝီနှင့် တာဘလီဂီဂျာမတ်အဖွဲ့က အမှားအယွင်းတစ်စုံတရာ လုပ်ခဲ့ခြင်းမရှိဟု ငြင်းဆန်ထားသည်။ ခန်ဒါဝီကို လူသတ်မှုမမြောက်သည့် လူသေမှုဖြင့် စွဲချက်တင်ထားရာ ယင်းအနေဖြင့် အာမခံလျှောက်ထားနိုင်မည်မဟုတ်ဟု ဒေလီရဲတပ်ဖွဲ့က ပြောသည်။ ခန်ဒါဝီမှာ COVID-19 ရောဂါပိုးရှိသူများနှင့် ထိတွေ့မိခဲ့ခြင်းကြောင့် သီးသန့် ခွဲခြားခံထားရချိန်တွင် စွဲချက်တင်ခံရခြင်းဖြစ်သည်။ (KNT)






အခြားဆက်စပ်သတင်းများ