နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှော်ကားဘေးမဲ့တောအတွင်းတရားမဝင် အမဲလိုက် သတ်ဖြတ်မှုများ အား အချိန်နှင့်တပြေညီ ဖမ်းစီး၍ မီးရှို့ ဖျက်စီး

ရန်ကုန် ဧပြီ. ၁၆ Myanmar Vegan Society ၏ ဖော်ပြချက် အရ ဧပြီ လ ၁၅ ရက် ညနေ ၆:၄၈ မီနစ် တွင် facebook လူမှုစာမျက်နှာ ပေါ်ရှိ Aye Myat Mon အမည်ရှိသော account မှ လှော်ကားဘေးမဲ့တောအတွင်းတရားမဝင် အမဲလိုက် သတ်ဖြတ်မှုများရှိနေပြီ ခေါင်းစဉ်ဖြင့် ညစဉ်လိုလိုသာဓုကန်ဖက်အခြမ်းမှဝင်၍ အမဲလိုက်မုဆိုးများက ရဲနှင့်ပေါင်းကာ တောကောင်များဖမ်းဆီးသတ်ဖြတ်နေကြောင်း၊ အမဲလိုက်သူများသည် လှော်ကား ဥယျာဉ်ဝင်ပေါက်မှ ဝင်ရောက်ခြင်းမဟုတ်ပဲ သာဓုကန်ဖက်အခြမ်း စည်ပင်ဝင်ပေါက်နှင့်နတ်စင်များအနီးရှိဝန်ထမ်းအိမ်ယာဝင်ပေါက်မှဝင်ရောက်ကြကြောင်း အား Myanmar Vegan Society ၏ ဖော်ပြချက်အားထပ်ဆင့်ဖော်ပြခဲ့ပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ ဧပြီလ ၁၆ရက်နေ့ နံနက် ၉:၃၀ အချိန် တွင်လှော်ကားကန်လုံခြုံရေးတာဝန်ဆောင်ရွက်နေသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဌာန(စည်ပင်သာယာရဲတပ်ဖွဲ့)မှရဲတပ်ကြပ်လှဌေးဦးစီး၍ တပ်ဖွဲ့ ဝင်(၃)ဦးနှင့်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးစီးအပါအဝင်(၅)ဦးအဖွဲ့နှင့်အတူ ပြည်လမ်း၊ နွယ်ခွေလမ်းဆုံထိပ်၊ ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်စင်အနီးရှိပျံကျစျေးသည်တို့အားဝင်ရောက်စစ်ဆေးရာ ဆတ်သားအစို၊ အခြောက်(၂)ပိဿာခန့် နှင့်ကြောင်(၁)ကောင်တို့အားသိမ်းဆည်းရမိသဖြင့် လှော်ကားကန် မြို့ပြရှုခင်းနှင့်အားကစားကွင်းများဌာန၊ ပျိုးခြံရုံးရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ထို့သို့ မီးရှို့ ဖျက်စီးပြီး ပျံကျစျေးသည်များဖြစ်သည့် လှည်းကူးမြို့နေ ဒေါ်အငယ်မပါ(၇)ဦးတို့အား တောရိုင်းတိရစ္ဆာန်တို့၏ အသားများကိုမရောင်းချရန်နှင့် ရောင်းချပါက တရားဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ကို သစ်တောဦးစီးဌာနမှပညာပေးချပြ ရှင်းလင်းကာ ခံဝန်ချက် လက်မှတ်ရေးထိုး၍ ပြန်လည်စေလွှတ်ပေးခဲ့ကြသည်။ လှော်ကားကန်ဧရိယာ၏အပြင်ဖက် ပြည်လမ်းနေရာသည် ပျံကျစျေးသည်များ၊ တောတွင်းအသီးအရွက်၊ အသားများရောင်းချရာ စျေးကွက်သဖွယ်ဖြစ်နေခြင်းကြောင့် အခြားနေရာများမှရရှိသည့်အသားများကိုလည်းသယ်ဆောင်လာ၍ ခင်းကျင်းရောင်းချ လေ့ရှိသည်။ ၎င်းဖမ်းစီးမှုများအား စည်ပင်သာယာရဲတပ်ဖွဲ့မှ လှည့်ကင်းဖြင့် ရှင်းလင်းခြင်း၊ ကင်းပုန်းဝပ်ဖမ်းဆီးခြင်းများဆောင်ရွက်သဖြင့် ၂၀၁၉ခုနှစ်မေလ၃၁ရက်နေ့ကငါးခိုးဖမ်းသူ (၁)ဦး၊ ၂၀၁၉ခုနှစ်ဇွန်လ(၂၀)ရက်နေ့ကဝင်ရောက်မျှစ်ချိုးသူ(၂)ဦး၊ ၂၀၂၀ပြည့်နှစ် ဧပြီလ (၄)ရက်နေ့ကငါးခိုးဖမ်းသူ(၁)ဦးတို့အားဖမ်းမိသဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေနှင့်အညီ ထောက်ကြန့်နယ်မြေရဲစခန်းတွင်အမှုဖွင့်လှစ်အရေးယူခဲ့ကြောင်း သတင်းရရှိသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ