နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၆၆) ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်   ဩဂုတ်  ၇


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သည့် (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများကို လျှပ်ကာ ပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို သြဂုတ် ၇ရက် (သောကြာနေ့)တွင် နံနက် ၉နာရီအချိန်မှ  မွန်းတည့် ၁၂ နာရီအချိန်အထိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။


အဆိုပါလုပ်ငန်းဆောင်ရွက်စဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သာကေတ၊ တောင်ဥက္ကလာ၊ တာမွေ၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မှော်ဘီ၊ မြောင်းတကာ မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုအနည်းငယ်ဖြစ်ပွားခဲ့သည်။
ယခုအခါ လုပ်ငန်းဆောင်ရွက်မှုပြီးစီးပြီဖြစ်ပါသောကြောင့် ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့သော မြို့နယ်များသို့ ပုံမှန်အတိုင်း ဓာတ်အားလိုင်းများ ပြန်လည်ပို့လွှတ်ပေးပြီးဖြစ်သည်။                                


(WP)






အခြားဆက်စပ်သတင်းများ