နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေသောင်ယံမြို့တွင်ပြောင်း အထွက်နှုန်းကောင်း၍ ပြောင်းစိုက်တောင်သူများ အဆင်ပြေနိုင်

ရွှေသောင်ယံ  ဩဂုတ်  ၇


ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုနှစ်တောင်ယာလုပ်ငန်းလုပ်ကိုင်ကြသော တောင်သူများမှာ ယခင် နှစ်ကထက် အသီးအနှံများ ဖြစ်ထွန်းအောင်မြင်ကြကြောင်းသိရသည်။ ရွှေ‌သောင်ယံမြို့ အနီးတစ်ဝိုက်တွင် တောင်ယာစိုက်ခင်းများရှိပြီး တောင်ယာများတွင် စပါး၊ ပြောင်းသီးနှံများအပြင် ဟင်းသီးဟင်းရွက်သီးနှံများ ဖြစ်သည့် ပဲတောင့်ရှည်၊ ရုံးပတီသီး၊ သခွား၊ ပီလောပီနံစသည်ဖြင့် အသီးအရွက်ပင်များလည်း ထည့်သွင်း စိုက်ပျိုးကြသည်။



ယခုအခါ အဆိုပါတောင်ယာများရှိ ပြောင်းသီးနှံများစတင်ထွက်ရှိကာ ပြောင်းတစ်ဖူး ကို ၂၀၀ ကျပ်ဖြင့် ရောင်းချရသည့်အတွက် တောင်‌သူများတွက်ခြေကိုက်ပြီး ၂ ဧကခန့် စိုက်ပျိုးထားသောတောင်သူတစ်ဦးလျှင်စပါးနှင့်အခြားသီးနှံများမပါဘဲ ပြောင်းဖူးဖိုးသီးသန့် ၄ သိန်းဝန်းကျင်ခန့် ခန့်မှန်းထားကြောင်း ဝါခေါင်လပြည့် လောက်တွင် ပြောင်းဖူးများလှိုင်လှိုင်ပေါ်မည်ဖြစ်သည်ဟု တောင်သူများထံမှ သိရသည်။



လူနေရပ်ကွက်နားရှိ တောင်ယာသီးနှံများစိုက်ပျိုးသော တောင်ကုန်းများသို့ တောဆင်ရိုင်းကဲ့သို့သော တိရစ္ဆာန်များမှာ နွေရာသီတုန်းက ဝင်ရောက်သွားလာတတ်သော်လည်း ယခုလိုတောင်ယာလုပ်ချိန်၊ ပြောင်းပေါ်ချိန်တွင်တော့ တောဆင်ရိုင်းများဝင်ရောက်ခြင်းမရှိသေးကြောင်း စပါးပေါ်ချိန်တွင်တော့ တော ဆင်ရိုင်းများဝင်၊ မဝင်ကို ခန့်မှန်းမရ‌ သေးကြောင်းကိုတောင်သူများထံမှသိရသည်။        


ကိုကိုမောင်  ပြန်/ဆက်






အခြားဆက်စပ်သတင်းများ