နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲတွင် အာဏာရပါတီ အနိုင်ရ

ဆိုးလ် ဧပြီ ၁၆ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်၏ အာဏာရပါတီမှာ လွှတ်တော်ရွေးကောက်ပွဲများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေခိုင်းသည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည်။ မဲအားလုံးနီးပါး ရေတွက်ပြီးစီးချိန်တွင် မွန်ဂျေအင်၏ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ် ၃၀၀ ရှိသည့် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၆၃ နေရာ ရရှိခဲ့သည်။ ဒီမိုကရက်တစ်ပါတီ၏ ညီအစ်မပါတီဖြစ်သည့် Platform Party က နောက်ထပ်အမတ်နေရာ ၁၇ နေရာ အနိုင်ရဖွယ်ရှိနေ၍ လက်ရှိအစိုးရအဖွဲ့အနေဖြင့် အမတ်နေရာ ၁၈၀ ရဖွယ်ရှိနေသည်။ တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် ပါတီ ၃၅ ခုမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီနှင့် ကွန်ဆာဗေးတစ် အတိုက်အခံ ပါတီဖြစ်သည့် United Future ပါတီတို့သာ အဓိက အားပြိုင်ခဲ့ရသည်။ United Future ပါတီနှင့် ယင်းတို့၏မိတ်ဖက်ပါတီများက အမတ်နေရာ ၁၀၃ နေရာရဖွယ်ရှိနေသည်။ တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှု အကြီးအကျယ်ဖြစ်ပွားသည့် နိုင်ငံများအနက် ရွေးကောက်ပွဲကျင်းပသည့် နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံဖြစ်သည်။ (KNT)






အခြားဆက်စပ်သတင်းများ