နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်တို့ အီတီဟတ်မှာ အကောင်းဆုံးပွဲအဖြေ ရယူနိုင်ပါ့မလား

ဩဂုတ်  ၇


COVID အလွန်မှာ ဘောလုံးပြိုင်ပွဲများ ပြန်လည်ကစားလာကြပြီဖြစ်ရာ မတ်လအတွင်းကရပ်ထားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်များဟာလည်း ပါဝင်လာပါတယ်။ အဆိုပါပွဲစဉ်များကို ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ကွာတား ဖိုင်နယ်ပွဲစဉ်များ ကစားရမှာဖြစ်သော်လည်း အချို့ပွဲစဉ်များမှာ  ၁၆ သင်းအဆင့်  ဒု-အကျော့ပွဲစဉ်များ ကစား ရန်ကျန်ရှိနေကြပါသေးတယ်။ အဆိုပါပွဲစဉ်များအနက် အီတီဟက်တွင်ကစားကြရမယ့်  မန်စီးတီးနဲ့ ရီးရဲလ် တို့ပွဲစဉ်က စိတ်ဝင်စားစရာကောင်းနေပါတယ်။ ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် ၁၃ ကြိမ် ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပါတယ်။ မန်စီးတီးက ချန်ပီယံလိဂ်အောင်မြင်မှုရဖို့ ငွေကြေးအလုံးအရင်း အသုံးပြုရတဲ့အသင်းဖြစ်ပါတယ်။ ဆီမီးထက်ပိုမတက်နိုင်သေးပါ။ ဒါပေမယ့် မန်စီးတီးကို ဂွါဒီယိုလာ တာဝန်ယူပြီးနောက်မှာ ပရိသတ်အမြင်၊ ဘောလုံးဝေဖန်သူများရဲ့အမြင်တွေ ပြောင်းလဲသွားခဲ့ပါတယ်။ ယခု ရာသီချန်ပီယံလိဂ်မှာ မန်စီးတီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။


ရီးရဲလ်တို့မန်စီးတီးကို မိမိအိမ်ကွင်းမှာ ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ရာ အီတီဟက်မှာ ပွဲအဖြေအကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ပါ့မလားလို့ သံသယရှိနေကြပါတယ်။ COVID ကြောင့် ပရိသတ်ဝင်ကြည့်ခွင့်မရတာကြောင့် မန်စီးတီးတို့ ပရိသတ်အားသာချက်လုံးဝရရှိမှာမဟုတ်ပါ။ ရီးရဲလ်တို့ကလည်း  နောက်ဆုံးအချိန်ထိအကောင်းဆုံး တိုက်ပွဲဝင်သွားမှာပါ။ ဒီရာသီမှာ မန်စီးတီးတို့အက်ဖ်အေဖလားဆီမီးမှ ထွက်ခဲ့ရတာကြောင့် စိတ်ဓာတ်ပိုင်း အားနည်းမှုတော့ရှိနေမှာပါ။  ရီးရဲလ်က လာလီဂါချန်ပီယံဂုဏ်ပုဒ်နဲ့ ယုံကြည်မှုအမြင့်မားဆုံးထားကာ အီတီဟက် အရောက်လာမှာပါ။ ဒီနှစ်သင်း ချန်ပီယံလိဂ်မှာ ငါးကြိမ်တွေ့ဆုံခဲ့ပြီး ရီးရဲလ်က နှစ်ပွဲနိုင်နှစ်ပွဲသရေနဲ့ မန်စီးတီး က တစ်ပွဲသာနိုင်ခဲ့ပါတယ်။ 


ဒါပေမယ့် မန်စီးတီးဟာ ချန်ပီယံလိဂ်ကို ၁၆  သင်းအဆင့်ကို ၇ ကြိမ်နဲ့ ကိုးရာသီလောက်ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တဲ့အသင်းပါ။ မန်စီးတီးက ချန်ပီယံလိဂ်နောက်ဆုံး ၁၁ ပွဲမှာ ၃၂ ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်ကလည်း သူတို့ရဲ့ ဥရောပအဝေးကွင်းနောက်ဆုံး ၂၅ ပွဲမှာ ၁၆ ပွဲအနိုင်ရကာ ငါးပွဲသာရှုံးခဲ့ပါတယ်။ ချန်ပီယံ လိဂ်အတွေ့အကြုံအရင့်ဆုံးအသင်းလည်းဖြစ်သလို ပွဲအဖြေကိုလည်း ပြောင်းလဲနိုင်တဲ့ကစားသမားတွေ ပိုင်ဆိုင် ထားပါတယ်။ ရီးရဲလ်ရဲ့ အင်္ဂလိပ်အသင်းတွေနဲ့ အဝေးကွင်း ၁၆ ပွဲမှာ ခြောက်ပွဲနိုင် လေးပွဲသရေ၊ ခြောက်ပွဲ ရှုံးခဲ့တာကြောင့် အဝေးကွင်းစွမ်းဆောင်မှုကမဆိုးလှပါ။ အီတီဟက်မှာ ရီးရဲလ်တို့အကောင်းဆုံးပွဲအဖြေရနိုင် မလားဆိုတာတော့ ဩဂုတ် ၇ ရက် သောကြာ ည  ၁ နာရီ ၃၀ မိနစ်မှာ စောင့်ကြည့်မှသိရမှာပါ။                                     


(SO)






အခြားဆက်စပ်သတင်းများ