နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ဓာတ်ခွဲခန်းမှ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာသည်ဆိုသည့် အယူအဆကို အမေရိကန်အစိုးရ စုံစမ်းနေ

ဝါရှင်တန် ဧပြီ ၁၆ ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံ၏ ပင်လယ်စာဈေးမှ စတင်ပျံ့နှံ့ခဲ့ခြင်းမဟုတ်ဘဲ တရုတ်ဓာတ်ခွဲခန်းမှ ပျံ့နှံ့လာခဲ့သည်ဆိုသည့် အယူအဆကို အမေရိကန်အစိုးရက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သတင်း ရင်းမြစ်များက ပြောသည်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားရသည့် COVID-19 ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်မျိုးကွဲမှာ တရုတ်နိုင်ငံ၏ ဓာတ်ခွဲခန်းတွင် စတင်ခဲ့ပြီး ပြည်သူများထံ မတော်တဆ ကူးစက် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်ဆိုသော အယူအဆကို အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအရာရှိများက စုံစမ်း စစ်ဆေးနေကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောသည်။ မတော်တဆဖြစ်ရပ် သို့မဟုတ် ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ကိုင်တွယ်ထိန်းသိမ်းပုံ ညံ့ဖျင်းခြင်းကြောင့် ဓာတ်ခွဲခန်းမှလူတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီး အခြားသူများကို ထပ်ဆင့်ကူးစက်ခဲ့ခြင်း ဟုတ်၊ မဟုတ်ဆိုသည့် အချက်ကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် အဆိုပါဗိုင်းရပ်စ်ဟာ ဇီဝလက်နက်များ သုတေသနလုပ်မှုနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်နိုင်ငံက ထင်မှတ်ထားခြင်းမရှိပေ။ အစောပိုင်းတွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အတိုင်းအတာကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံ၏ အမှားကြောင့် ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခဲ့ခြင်းဟု သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရအဖွဲ့ အရာရှိများက ယုံကြည်နေသည်။ သို့သော် တရုတ်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့သည်ဆိုသည့် အယူအဆကို တရုတ်အစိုးရက ငြင်းဆန်ထားပြီး ပြည်ပနိုင်ငံများမှ ကျွမ်းကျင် ပညာရှင် များကလည်း အဆိုပါအယူအဆကို သံသယရှိနေသည်။ (KNT)






အခြားဆက်စပ်သတင်းများ