နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစာထက်ဝက်ခန့်လျှော့ယူရတော့မယ့် အင်တာရောက် အလက်ဆစ်ဆန်းချက်

 ဩဂုတ်  ၇


ပရီးမီးယားလိဂ်က အိမ်မက်ဆိုးတွေကို  အပြီးတိုင်ချန်ထားခဲ့တဲ့ ဆန်းချက်ကို စီးရီးအေကလပ်အင်တာမီလန် က သုံးနှစ်စာချုပ်နဲ့ အပြီးတိုင်ခေါ်ယူခဲ့ပါတယ်။
၃၁ နှစ်သားဆန်းချက်ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမှာအငှားနဲ့လာကစားနေတာပါ။  ခုတော့အငှားကနေ အပြီးသတ်ပြောင်းရွှေ့မှုအဖြစ် အလွတ်ပြောင်းရွှေ့ကြေးနဲ့အင်တာကို ခေါ်နိုင်ခဲ့ပါပြီ။


ဆန်းချက်ဟာ မန်ယူမှာ တစ်ပတ်ပေါင် ငါးသိန်းခြောက်သောင်းရခဲ့ပေမယ့် အင်တာမှာတော့ အခွန်အပြီးအစီး တစ်ပတ်ပေါင် တစ်သိန်းသုံသောင်းပဲရမယ်လို့ သိရပါတယ်။ ယူနိုက်တက်တို့က ဆန်းချက်ရဲ့ စာချုပ်လက်ကျန်နှစ်ရာသီကိုလျှော်ဖို့ ဆုံးဖြတ်ပြီး ထွက်ခွာခွင့်ပေးလိုက်တာပါ။ ယူနိုက်တက်က ဆန်းချက်ကို တစ်ပတ်ပေါင် ငါးသိန်း ခြောက်သောင်း လစာအဖြစ်ပေးချေရာမှာ အခြေခံလစာ တစ်ပတ်သုံးသိန်းနဲ့ ရုပ်ပုံအသုံးပြုခ ပေါင်တစ်သိန်း တို့လည်း ပါဝင်ပါတယ်။


တစ်ပွဲ ပွဲထွက်ကစားရတိုင်း ပေါင်ခုနစ်သောင်းခွဲထပ်ဆောင်းပေးရပါသေးတယ်။ ဒါ့အပြင် လက်မှတ်ထိုးကြေးကလည်း တစ်နှစ်ကို ပေါင် ၁ ဒသမ ၁ သန်းပေးရပါသေးတယ်။  ဒီအပြောင်းအရွှေ့ကြောင့် ယူနိုက်တက်တို့ ငွေကုန်သက်သာသလို ဆန်းချက်လဲ သူရဲ့ကစားသမားဘဝလမ်းကြောင်းပေါ် ပြန်ရောက်သွား ခဲ့ပါတယ်။ ယူနိုက်တက်မှာ ကစားချိန်က ၄၅ ပွဲမှာ ငါးဂိုးသွင်းပြီး ဂိုးဖန်တီးမှုကိုးကြိမ်ရှိခဲ့ပါတယ်။ ဒီရလဒ်နဲ့ သူ့ကိုပေးရတဲ့ပိုက်ဆံနဲ့ ပြန်အချိုးချကြည့်မယ်ဆိုရင်  ဆန်းချက်ဘောလုံးတစ်ချက်ထိတိုင်း ပေါင် ၂၈၈၀၀ ပေးနေရတာပါ။ ယူနိုက်တက်တို့က ဆန်းချက်ကိုရောင်းပြီး လူငယ်လူသစ်တွေဝယ်ဖို့ကြိုးစားနေကြတာပါ။  အခု အင်တာမှာ ဆန်းချက်ရဲ့လစာက  ယူနိုက်တက်ရဲ့အခြေခံလစာပေါင် သုံးသိန်းနီးပါးတော့ရှိတယ်လို့ ဆိုပါတယ်။


ဒါပေမယ့် အီတလီရဲ့အခွန်အခကမြင့်လေတော့ လစာရဲ့ထက်ဝက်လောက်အသားတင်ရမှာပါ။ ဆန်းချက် ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမှာ ရုန်းကန်ခဲ့ရပါတယ်။ နောက်ခြေကျင်းဝတ်ခွဲစိတ်ကုသမှုခံရပါသေးတယ်။ ကွန်တီရဲ့လက်အောက်မှာ ဆန်းချက်ဟာ သူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ရရှိသွားမှာပါ။                       


(SO)






အခြားဆက်စပ်သတင်းများ