နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုမှာ ကမ္ဘာ့ဖိတ်ခေါ်အမျိုးသားမီတာ ၁၀၀ ပြိုင်ပွဲကျင်းပမည််

 ဩဂုတ်  ၇


Seiko Golden ဂရင်းပရစ်ဟုခေါ်ဆိုတဲ့ ကမ္ဘာ့ပြေးခုန်ပစ်တိုက်ကြီးများ ပတ်လည်ပြိုင်ပွဲတစ်ရပ်ကို ဂျပန်နိုင်ငံတိုကျိုမြို့မှာ ဩဂုတ်လ ၂၃ ရက် ယှဉ်ပြိုင်မည့်ပွဲစဉ်တွေမှာ ဂျပန်နိုင်ငံရဲ့ အမြန်ဆုံးအမျိုးသား အပြေးသမား ၁၁ ဦးထဲမှ ငါးဦးဝင်ရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။


၁၀ စက္ကန့်လောက်စံချိန်ကို  ပထမဆုံးပြေးနိုင်ခဲ့တဲ့ ပထမဆုံးဂျပန်လူမျိုးဖြစ်တဲ့ အာရှချန်ပီယံ ယိုရှီဟိုင်ဒီ ကာယက ကစားသမားဘဝအကောင်းဆုံးစံချိန် ၉ ဒသမ ၉၈ စက္ကန့်ရရှိခဲ့ကာ ယူကီကွိုင်ကီကလည်း ပြီးခဲ့တဲ့နှစ် Diamond League ပြိုင်ပွဲမှာ အဆိုပါစံချိန်ကိုရရှိထားခဲ့ပါတယ်။


ယင်းတို့နဲ့အတူ ၁၀ စက္ကန့်စံချိန်ရရှိထားတဲ့ ရိုတာယာမာဂါတာနဲ့  ပြီးခဲ့သည့်ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲနှစ်ကြိမ်မှာ မီတာ ၁၀၀ လေးယောက်လက်ဆင့်ကမ်းပြေးပြိုင်ပွဲ ကြေးတံဆိပ်ရရှိထားတဲ့ ရှူဟိုင်းတာဒါတို့လည်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်မီတာ ၁၀၀ လေးယောက်လက်ဆင့်ကမ်းငွေတံဆိပ်ဆုရှင် အက်စကာကိန်းဘရစ်ချ်ကလည်း ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။                                                                                               

 (SO)






အခြားဆက်စပ်သတင်းများ