နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွင်းကုန်လိုင်စင်သက်တမ်းကျော်ကားများကို ရက်အလိုက် ဒဏ်ကြေးကောက်ခံပြီး ရက် ၆ဝ ကျော်ပါက သိမ်းဆည်းမည်

ရန်ကုန်   ဩဂုတ်  ၇

ပြည်ပမှတင်သွင်းသည့်ကားများကို သွင်းကုန်လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်မည်ဆိုပါက ကျော်လွန်သည့်ရက်အလိုက် ဒဏ်ကြေးကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ ကျော်လွန်သည့်ကားများကိုမူ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဒဏ်ကြေး သတ်မှတ်ချက်အသစ်ကြေညာရန်ဆောင်ရွက်ရာ ဒဏ်ကြေးသတ်မှတ် ချက်များအတိုင်း လက်ရှိဘဏ္ဍာနှစ်တွင် ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ပြစ်ဒဏ် သတ်မှတ်ချက်အသစ်အဖြစ် သွင်းကုန်လိုင်စင်ပါမစ်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်သည့် ကားများကို ကျော်လွန်သည့်ရက်အလိုက် ဒဏ်ကြေးကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ အထက်ကျော်လွန်သည့်ကားများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

"အကောက်ခွန်ဒဏ်ကြေးအသစ်မှာ ပြီးခဲ့တဲ့နှစ်က သတ်မှတ်ခဲ့တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို မပြောင်းလဲဘဲ ဆက်ပြီးကျင့်သုံးမှာ ဖြစ်ပါတယ်။ သွင်းကုန်ပါမစ်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်တဲ့ကားတွေကို ၇ ရက် အတွင်း ဒဏ်ကြေးကင်းလွတ်နဲ့ခွင့်ပြုပေးပြီး ၇ ရက်ကနေ ရက် ၆ဝ အတွင်းကားတွေကို ရက်အလိုက် ဒဏ်ကြေးသတ်မှတ်ထားပြီး ရက် ၆ဝ ကျော်သွားရင်တော့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်ဆိုတဲ့ ပြစ်ဒဏ်အသစ် ထည့်သွင်းရေးဆွဲထားပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

သွင်းကုန်ပါမစ်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်သည့်ကားများကို ၇ ရက်အထိ ဒဏ်ကြေး ကင်းလွတ် ခွင့်ပြုပေးမည်ဖြစ်သော်လည်း ၇ ရက်မှ တစ်လအတွင်းကားများကို 1/90AV ဒဏ်ကြေးကောက်ခံမည် ဖြစ်သည်။ တစ်လမှ ၄၅ ရက်အတွင်းကားများကို 1/24AV နှင့် ၄၅ ရက်မှ ရက် ၆ဝ အတွင်းကားများကို 1/12AV ဒဏ်ကြေးဖြင့် ကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ ကျော်လွန်ပါက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ