နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ် သိန်း ၁၇၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ဝန်းသို ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် COVID-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့်   စားဝတ်နေရေးအခက်အခဲများကို    ကုစားပေးနိုင်ရန်ရည်ရွယ်၍    မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေကျပ်သိန်းပေါင်း ၁၇၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယင်းစီမံကိန်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် အိုးပြစ်ကျေးရွာမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအသင်းဝင် ၃၃ ဦးထံသို့ စီမံကိန်းချေးငွေကျပ်သိန်း ၂၀၀ နှင့် ကင်းကြိမ်ဖူးကုန်း ကျေးရွာမှ အသင်းဝင် ၇၇ ဦးထံသို့ စီမံကိန်း ချေးငွေကျပ်သိန်း ၃၀၀ တို့ကို ဩဂုတ် ၆ ရက်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦး နှင့် ဒေါ်ခိုင်ခိုင်ဝင်း၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကျေးရွာပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း တွေ့ရစဉ်။

ကျော်မြိုင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ