နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Quarantine Center များ ထပ်မံထားရှိရန် သင့်‌တော်သည့်နေရာများကို ရွေးချယ်သွားမည်ဖြစ်

ရန်ကုန် ဧပြီ ၁၆ ရန်ကုန်တိုင်းဒေသကြီးတွင် Quarantine Center များ ထပ်မံထားရှိရန် သင့်‌တော်သည့်နေရာများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။ "Quarantine Center ထားဖို့ အခုကတော့တော်တော်များများတော့ လိုက်ရှာနေတာပဲ၊ တက္ကသိုလ်မှာထားဖို့က အခုမှရှာ‌နေတာ လက်ရှိက ကြည့်တုန်းပဲရှိ‌သေးတယ်။ ဘာမှမဆုံးဖြတ်ရသေးဘူး။ ကျွန်တော်တို့ကလိုက်ကြည့်တယ်ဆိုတာ ‌ထားသင့်တဲ့နေရာ ဖြစ်၊ မဖြစ်ပဲကြည့်တာ သင့်တော်တဲ့နေရာကိုရွေးမယ်"ဟု လူမှုရေးဝန်ကြီးက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ Quarantine Center ၂၀ ကျော်ရှိပြီး လှိုင်တက္ကသိုလ်၊ ရေကြောင်းကောလိပ် စသည့်နေရာများကို လိုက်လံကြည့်ရှု့နေကြောင်း သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ