မြန်အောင် ဩဂုတ် ၇
မြန်အောင်၌ မိုးရွာသွန်းမှုကြောင့် ဩဂုတ် ၆ ရက်က မြန်အောင်မြို့ အမှတ် ၅ ရပ်ကွက် တာကြီးတန်းလမ်းရှိ ညောင်ပင်နှင့် အမှတ် (၁) ရပ်ကွက် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မလေးရှားပိတောက်ပင်တို့ အမြစ်လန်၍ လဲကျခဲ့ကြောင်း သိရသည်။
အမှတ် (၅) ရပ်ကွက် တာကြီးတန်းလမ်းရှိ (အလျား ၆၀ ပေခန့်၊ လုံးပတ် ၁၅ ပေခန့်)ရှိ ညောင်ပင်နှင့် မြန်အောင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ (အလျား ၄၅ ပေခန့်၊ လုံးပတ် ၄ ပေခန့်)ရှိ မလေးရှားပိတောက်ပင်တို့မှာ အမြစ်လန်၍ လဲကျခဲ့သောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သစ်ပင်လဲကျ မှုကြောင့် လမ်းပိတ်ဆို့မှုမဖြစ်စေရန် ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)