နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၇

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၆ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘူတာရပ်ကွက်၊ ဘူတာစံပြ(၃)လမ်းမပေါ်၌ လှမင်းထံမှ အရိုးအသွား(၅)လက်မခန့်ရှိ ထိပ် ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် (၈၉)ရပ်ကွက်၊ ဓမ္မရတနာလမ်းမပေါ်၌ ချစ်လင်းအောင်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် (၁၀၆)ရပ်ကွက်၊ သီတာ လမ်းမပေါ်၌ မျိုးကျော်ဦး ထံမှ အရိုးအသွား(၁၅)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် (၁၃)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၌ ကျော်ငြိမ်းအောင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် (ည)ရပ်ကွက်၊ သုနန္ဒာလမ်းမ ပေါ်၌ အောင်ကျော်ဆန်း ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီခွဲအချိန်တွင် (၂၁)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းမပေါ်၌ မျိုးမင်းအောင် ထံမှ အရိုးအသွား(၃၃)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်း ကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ