နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

မြန်အောင် ဩဂုတ် ၆


ဩဂုတ် ၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ တာမိုင်တိုင်အမှတ်(၆/၇)နှင့်(၇)ကြားတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် (၁၀၀ x၆ )ပေခန့်ရှိ မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် မြန်အောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကမ်းပါးဆက်လက်ပြိုကျမှုမဖြစ်စေရေးအတွက် ရေပေါ်ရေလွှဲတန်း ဆောင်ရွက် ခြင်း၊ ရေတောင်ဝှေ့ချခြင်း၊ သဲအိတ်ချခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စုတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ထုံးဘိုနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခတ္တိယရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု  ၅ စုအား တောင်လတ်ဘုရားကြီးသို့ လည်းကောင်း၊ တောင်(၂)ရပ်ကွက်ရှိ ရေဘေးသင့် အိမ်ထောင်စု (၃)စုအား မြသိန်းတန်ဘုရားကြီးသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

 

ဆွေဦး






အခြားဆက်စပ်သတင်းများ