နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီလွန်မက်စ် လှူဒါန်းမည်ဟု ကတိပြုထားသည့် အသက်ရှူစက်များ ၃ ပတ်ကြာသည့်အထိ ရောက်မလာသေး

ဝါရှင်တန် ဧပြီ ၁၆ Tesla ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မက်စ်က COVID-19 လူနာများကို ကုသပေးနေသည့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆေးရုံများအတွက် အသက်ရှူစက် ၁၀၀၀ ကျော် လှူဒါန်းမည်ဟု ကတိပေးခဲ့သော်လည်း ယခုအချိန်အထိ အသက်ရှူစက်များ မရသေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။ မတ်လ ၂၃ ရက်က ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က အီလွန်မက်စ် လှူဒါန်းမည့် အသက်ရှူစက်များမှာ လူနာများကို အသက်ကယ်ပေးနိုင်သည်ဟု ဆိုခဲ့ပြီး ယင်း၏လုပ်ရပ်ကို သူရဲကောင်းပီသသည်ဟု ချီးကျူးခဲ့သည်။ အသက်ရှူစက်များမှာ လော့စ်အိန် ဂျလိစ်မြို့သို့ ရောက်ရှိနေပြီး လိုအပ်နေသည့် ဆေးရုံများထံ ပို့ဆောင်ပေးနေပြီဟု ဂါဗင်နယူးဆမ်က ဆိုခဲ့သည်။ သို့သော် ရက်သတ္တသုံးပတ်ကျော်လွန်လာသည့်အထိ ဆေးရုံများအနေဖြင့် အသက်ရှူစက်များ မရသေးဟု ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။ သို့သော် ကယ်လီဖိုးနီးယားပြည်နယ်၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အသက်ရှူစက်အရေအတွက် ရရှိပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဂါဗင်နယူးဆမ်က ဒေသခံများကို ပြောသည်။ (KNT)






အခြားဆက်စပ်သတင်းများ