နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့တွင် မဟာသင်္ကြန်ကာလအတွင်း ယာယီစျေးဖွင့်လှစ်

ရန်ကုန် ဧပြီ ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၊ အမှတ် (၁) ရပ်ကွက်၊ အထက (၂) ကျောင်း ဘောလုံးကွင်း၌ မဟာသင်္ကြန် ကာလအတွင်း စျေးသည်စျေးဝယ်များ အဆင်ပြေစေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ယာယီစျေးကို ဧပြီ ၁၅ ရက်မှ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်) အထိဖွင့်လှစ်ထားမည်ဖြစ်ပြီး မြို့မစျေး ဖွင့်ရက် ဧပြီ ၁၈ ရက်တွင် ပိတ်သိမ်းသွားမည်ဟု သိရ​သည်။ ယာယီစျေးအား နံနက် ၆ နာရီမှ ၁၀ နာရီအထိ ဖွင့်လှစ်ထားပြီး အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များ ရောင်းချခွင့်ပြုထားကြောင်း ဆိုင်ခန်းပေါင်း ၁၀၀ကျော်ရှိပြီး တစ်ဆိုင်ကို ကိုးပေစီ အကွက်ချထားပေးကြောင်း သိရသည်။ စျေးအတွင်းဝင်ရောက်သူများအား အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်စေခြင်း ဆောင်ရွက်စေပြီး COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်များတွင် နေထိုင်ကြရန် လိုအပ်မှသာ စျေးလာရောက်ဝယ်ယူကြရန်နှင့် ဆောင်ရန် ရှောင်ရန်အချက်များကို ပြည်သူများသိရှိနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောကြောင်း သိရသည်။ ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ