ရန်ကုန်၊ ဩဂုတ် ၆
ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစံလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာကျန်းမာရေးမှူး- ၄ ဒေါ်လှသန္တာနှင့် ဝန်ထမ်းများ၊ ငမောက်ဈေးတာဝန်ခံ ဦးသန်းဇော်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ သြဂုတ် ၅ ရက် နံနက် ၉ နာရီက ငမောက်ဈေးအတွင်း/အပြင်၌ ဈေးရောင်းချနေသော ဈေးသူ၊ဈေးသားများကို COVID-19 ရောဂါ ထိန်းချူပ်စဉ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း Mask တပ်ဆင်မှု၊ လက်အိတ်စွပ်မှု၊ လက်ဆေးမှု၊ တစ်ဦးနှင့်တစ်ဦး ရှိရမည့် အကွာအဝေး လိုက်နာကျင့်သုံးကာ ဈေးရောင်းဈေးဝယ်ဆောက်ရွက်နေမှုအခြေအနေနှင့် အသားငါ၊ ဟင်းသီး ဟင်းရွက် နှင့် ကုန်ခြောက်ဆိုင်များ၊ စားသောက်ဆိုင်များကို ကျန်းမာရေးနှင့်အညီ သန့်ရှင်းမှု၊ အရည်အသွေး ကောင်းမွန်မှုတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကိုမှာကြားကာ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်သန်းကြည်( ရွှေပြည်သာ)