နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့မှူး၌ မိုးစပါးစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေး

ရန်ကုန်   ဩဂုတ်  ၆


ရန်ကုန်တိုင်းဒေသကြီး၊ ‌တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများထံသို့ ဩဂုတ် ၆ ရက်၊ နံနက်က အချိန်နှင့်တ‌စ်ပြေးညီအတိုးနှုန်း သက်သာစွာဖြင့် ဆက်လက်ထုတ်ချေးပေးနေကြောင်းသိရသည်။ ထိုသို့ထုတ်ချေးပေးရာတွင်၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်မှ ဩဂုတ် ၅ ရက်အထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၀ အုပ်စု၊ တောင်သူ ၅၉၁၅ ဦး၊ ဧကပေါင်း ၃၆၆၃၇၊ ဧကအတွက်ထုတ်ချေးငွေပေါင်း ၅၄၉၅ ဒသမ ၅၅ ကျပ်သန်းကျော် ထုတ်ချေးပေးခဲ့ပြီး တစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးလျက်ရှိကြောင်း၊ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ဒေစီရွှေထံမှ သိရသည်။ ကော့မှူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီလူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ထုတ်ချေးပေးလျက်ရှိပြီး ငွေလာထုတ်သူများအတွက် လက်ဆေးကန်များ ထားရှိပေးထားပြီး၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေကွာစေခြင်းများဖြင့် စနစ် တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                               

ကျော်သူရ(ကော့မှူး)






အခြားဆက်စပ်သတင်းများ