ဩဂုတ် ၆၊ အဘူဂျာ
နိုင်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာမြို့မှ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွင် အနည်းဆုံး လူ ၆၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဆန္ဒပြပွဲကို စီစဉ်ကျင်းပသည့် Revolution Now အဖွဲ့က ပြောသည်။ ဖမ်းဆီးခံရသူများက မည်သည့်ကျူးလွန်မှုများ လုပ်ခဲ့သည်ဆိုခြင်းကို ရဲတပ်ဖွဲ့က ပြောခဲ့ခြင်းမရှိပေ။ Revolution Now အဖွဲ့၏ လှုပ်ရှားမှုကြောင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့သည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ကျင်းပခဲ့ခြင်းဖြစ်သည်။ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် Sahara Reporters သတင်းဌာနကို တည်ထောင်သူ ဆိုဝိုရီက ပြီးခဲ့သည့်နှစ်တွင် Revolution Now လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် ဒုတိယသက်တမ်းအတွက် သမ္မတ ဘူဟာရီ အနိုင်ရခဲ့သည့် ရွေးကောက်ပွဲမှာ ယုံကြည်စိတ်ချနိုင်ဖွယ် မရှိဟုဆိုကာ အိုဝိုရီက တော်လှန်ရေးလုပ်ရန် တောင်းဆိုခဲ့သည်။ ထို့နောက်ပိုင်းတွင် အိုဝိုရီကို နိုင်ငံတော်သစ္စာဖောက်မှု၊ ငွေကြေးခဝါချမှု၊ သမ္မတ ဘူဟာရီနှင့်ပတ်သက်၍ အပုပ်ချသည့် သတင်းအချက်အလက်များ၊ သတင်းမှားများ ဝေမျှခဲ့ခြင်းကြောင့် ဆိုက်ဘာခြိမ်းခြောက်မှုဖြင့် စွဲချက်တင် ခဲ့သည်။ သို့သော် ယင်းက စွဲချက်အားလုံးကို ငြင်းဆန်ခဲ့သည်။ အိုဝိုရီကို ရက် ၁၃၀ ကြာ ထိန်းသိမ်းခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယခုအချိန်တွင် ရုံးတင်စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းလျက်ရှိသည်။
Ref:BBC(KNT)