နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားမှာ ၄၂ ရက်ဆက်တိုက် မိုးရွာပြီး ရေကြီး၊ မြေပြိုတဲ့အတွက် အနည်းဆုံး လူ ၁၅ ယောက် သေဆုံး

ဆိုးလ်


တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး အိုးအိမ်စွန့်ခွာခဲ့ရသူ ၁၅၀၀ ကျော် ရှိခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် အရှည်ကြာဆုံး မုတ်သုံမိုးရွာသွန်းမှုအဖြစ် ၄၂ ရက်ဆက်တိုက် မိုးရွာသွန်း ခဲ့ပြီးနောက် ဝန်ကြီးချုပ် ချန်ဆေးကျန်က ဒေသနှစ်ခုကို ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကန့်သတ်မှုများလုပ်ထားလို့ ကယ်ဆယ်ရေး ဆောင်ရွက်ရန် အားထုတ်ကြိုးပမ်းမှုများ ခက်ခဲပွေလီစေခဲ့သည်။


လူများလွန်းသည့် ခိုလှုံရေးစခန်းများတွင် ဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်ပူပန်မှုများရှိနေသည်။ အိုးအိမ်စွန့်ခွာရသူများကို ယာယီခိုလှုံရေးစခန်းများတွင် တစ်ဦးနှင့်တစ်ဦး ခပ်လှမ်းလှမ်း နေရာချထားပေးရန် တိုးမြှင့်လုပ်ဆောင်နေသည်ဟု တောင်ကိုရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေစေရန်အတွက် မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက်၊ ခုတင်တစ်လုံးနှင့် တစ်လုံးကြားတွင် ယင်းလိပ်များ ကာရံထားသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဟန်မြစ်ရေတက်ခြင်းကြောင့် ကားလမ်းများနှင့် တံတားများ ရေဖုံးလွှမ်းခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတစ်ဝန်းတွင် ရေဖုံးလွမ်းမှု သို့မဟုတ် မြေပြိုကျမှုဒဏ်ခံစားခဲ့ရသည့် နေအိမ် ၁၃၀၀ နီးပါးရှိပြီး လမ်းနှင့်တံတား ၁၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့သည်။                                        


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ