ဩဂုတ် ၆၊ ဘေရွတ်
ပြီးခဲ့သည့်အင်္ဂါနေ့က လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့ ဆိပ်ကမ်းတစ်ဝိုက် ပြိုကျပျက်စီးစေခဲ့သည့် ဧရာမပေါက်ကွဲမှုကြီးအပြီး ပျောက်ဆုံးနေသူ ၁၀၀ ကျော်ကို ကယ်ဆယ်ရေးသမားများက လိုက်လံရှာဖွေနေကြ သည်။ အဆိုပါပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးပြီး လူ ၄၀၀၀ ကျော် ဒဏ်ရာရခဲ့သည်။
ပေါက်ကွဲမှုကြောင့် တစ်မြို့လုံး တုန်ခါခဲ့ပြီး မှိုပွင့်ပုံ မီးခိုးလုံးကြီး ဖြစ်ပေါ်စေခဲ့သည်။ ဂိုဒေါင်တွင် မလုံမခြုံ သိမ်းဆည်းထားသည့် အမိုးနီးယန်းနိုက်ထရိတ်တန်ချိန် ၂၇၅၀ ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု လက်ဘနွန်သမ္မတ အေအွန်က ပြောသည်။ အမိုးနီးယန်းနိုက်ထရိတ်ကို စိုက်ပျိုးရေးလုပ်ငန်းမှာ ဓာတ်မြေသြဇာအဖြစ် အသုံးပြုသကဲ့သို့ ဖောက်ခွဲရေးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်သည်။ ပေါက်ကွဲမှုကြောင့် တုန်ခါမှုဒဏ်ကို မိုင် ၁၅၀ ကွာဝေးသည့် မြေထဲပင်လယ်အရှေ့ပိုင်း ဆိုက်ပရက်စ်ကျွန်း၌လည်း ခံစားခဲ့ရပြီး ငလျင်လှုပ်ခတ်သည်ဟု ထင်ခဲ့မိကြောင်း ဆိုက်ပရက်စ်ကျွန်းဒေသခံများက ပြောသည်။
Ref:BBC(KNT)