နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသတ်မှုဖြင့် ၂၇ နှစ်ကြာ အကျဉ်းကျခဲ့ပြီးမှ အပြစ်မရှိကြောင်း တွေ့ရ၍ ပြန်လည်လွတ်မြောက်

ဩဂုတ် ၆၊ ဘေဂျင်း


တရုတ်နိုင်ငံ အရှေ့ပိုင်းမှ အမျိုးသားတစ်ဦးမှာ ထောင်ထဲတွင် ၂၇ နှစ်ကြာ အကျဉ်းကျခံရပြီးနောက် လူသတ်မှုနှင့် သက်ဆိုင်ခြင်းမရှိဟု ဆုံးဖြတ်ခံရပြီး တရားသေလွတ်မြောက်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကလေးငယ်နှစ်ဦးကို သတ်ခဲ့သည်ဟု ဖြောင့်ချက်ပေးရန် ရဲတပ်ဖွဲ့က အတင်းအဓမ္မစေခိုင်းခဲ့ပြီး နှိပ်စက်ခဲ့ သည်ဟု ကျန်းယုဟွမ်က ပြောသည်။ ကျန်စီပြည်နယ် အကျဉ်းထောင်တွင် ၉၇၇၈ ရက်ကြာ အကျဉ်းကျ ခံခဲ့ရသည့် ကျန်းယုဟွမ်မှာ တရုတ်နိုင်ငံတွင် စီရင်ချက် မှားယွင်းချမှတ်ခံရသူများအနက် အချိန်အကြာဆုံး အကျဉ်းကျခံခဲ့ရသူဖြစ်သည်။


ယင်း၏ ဖြောင့်ချက်မှာ ရှေ့နောက် မညီညွတ်မှုများရှိပြီး မူလရာဇဝတ်မှုနှင့် ကိုက်ညီမှုမရှိကြောင်း အမှုပြန်ဖွင့်ခဲ့သည့် အစိုးရရှေ့နေများက ပြောသည်။ အထက်တရားရုံး၏ စစ်ဆေးမှုတွင် ယင်း၏စီရင်ချက် မှန်ကန်ကြောင်း အထောက်အပံ့ဖြစ်စေမည့် သက်သေအထောက်အထား မတွေ့ရသည့်နောက် ကျန်းယုဟွမ်ကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှာ စီရင်ချက်မှားယွင်းချမှတ်ခံရသူများကို ပြစ်ဒဏ် ပယ်ဖျက်ပေးရန် ပိုမိုလိုလားလာသော်လည်း ရာဇဝတ်မှုများအတွက်သာဖြစ်ပြီး နိုင်ငံရေးအမှုဖြင့် ကျခံနေရသူများ မပါဝင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။ တရုတ်မီဒီယာက ထုတ်လွှင့်ခဲ့သည့် ရုပ်သံမှတ်တမ်းအရ ကျန်းယုဟွမ်မှာ အသက် ၈၃ နှစ်ရှိသည့် ယင်း၏မိခင်၊ ယင်း၏ဇနီးဟောင်းတို့နှင့် ဝမ်းမြောက်ဝမ်းသာ ပြန်လည်ဆုံစည်းခဲ့သည့် ရုပ်သံမှတ်တမ်းကို ဖော်ပြထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ