ရန်ကုန် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိမွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များကို ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ဩဂုတ် ၆ ရက်၊ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ သာကေတမြို့နယ်၊ ရန်ပြေ ရပ်ကွက်အတွင်းရှိ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 ကြိုတင်ကာကွယ်ရန်နှင့်လူစုလူဝေးမဖြစ်စေရန်အတွက်ကလေးငယ်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့စဉ်။
ကိုဘုန်း(ပြန်/ဆက်)