ရန်ကုန် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ် ၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်က ဆောင်ရွက်ခဲ့သည်။ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို စမ်းချောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၈) ရပ်ကွက်မှ မွေးကင်းစမှအသက်တစ်နှစ်ခွဲအတွင်းရှိ ကလေးငယ်များကို ဘီစီဂျီ ဖောက်ပေးခြင်း၊ အသည်းရောင်၊ အသားဝါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြစဉ်။
ခင်ချောစုဝင်း(ပြန်/ဆက်)