ရန်ကုန် ဩဂုတ် ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အသက် ၅ နှစ်အောက်ကလေးငယ်များ အတွက် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ခြင်းကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနအသီးသီးတွင် COVID-19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်များ နှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များကို ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ အာဟာရ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်အတွင်းတွင် အပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)