ဩဂုတ် ၆
ထောပတ်သီးများစားသုံးရာတွင် အစဉ်သဖြင့် စွန့်ပစ်တတ်လေ့ရှိသော အစေ့များ၏ အပေါ်ဆုံးအခွံ၌ ကင်ဆာနှင့်နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်သော အာဟာရဆိုင်ရာဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်ကြောင်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။
ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသော ထောပတ်သီးသည် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်နိုင် သော အစွမ်းသတ္တိမှနေ၍ ကင်ဆာရောဂါကို ကာကွယ်နိုင်သော အစွမ်းသတ္တိများအထိ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပါဝင်ကြောင်း လေ့လာမှုအများအပြားက ဖော်ပြထားပြီးဖြစ်သည်။
သို့သော် ထောပတ်သီးစားသုံးရာတွင် အစဉ်သဖြင့် စွန့်ပစ်လေ့ရှိသော အစေ့၏ အပေါ်ဆုံးအလွှာတွင် အကျိတ်များကြီးထွားမှု၊ သွေးကြောများထဲတွင် အဆီများစုဝေးမှုကိုကာကွယ်ပေးနိုင်သော အစွမ်းသတ္တိများ ကြွယ်ဝစွာ ပါဝင်သည်။
ယင်းကြောင့် ထောပတ်သီးအစေ့ကို ကင်ဆာ၊ နှလုံးနှင့်အခြားသောရောဂါများကုသရာတွင် အသုံးပြုရန် ဖြစ်နိုင်သည်ဟု သုတေသီများကပြောသည်။ အချို့သော စားသုံးနိုင်သည့်အဆီထုတ်လုပ်သူများက ထောပတ်သီးအစေ့ များမှ ထောပတ်သီးအဆီကို ထုတ်ယူသော်လည်း အပြင်ဘက်အလွှာကို ဖယ်ရှားပစ်ပြီးမှ ထုတ်ယူလေ့ရှိသည် ဟု သုတေသီများကပြောသည်။
ထောပတ်သီးအစေ့၏ အပြင်ဘက်ဆုံးအလွှာတွင်ပါဝင်သော အာဟာရဓာတ်များသည် နှလုံးသွေးကြော များထဲတွင် အဆီများဖြစ်ပေါ်မှုကို ကာကွယ်ပေးသောကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကဲ့သို့ အသက် အန္တရာယ်ရှိသော ပြဿနာများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
(သူရိန်)