ရန်ကုန် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအား ရှင်းလင်းဆွေးနွေးခြင်းကို ဩဂုတ် ၅ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်က ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါရှင်းလင်းဆွေးနွေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ နှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျေးရွာနေပြည်သူ ၂၉ ဦးတို့က သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့စဉ်။
နိုင်လင်း(လှည်းကူး)