ရန်ကုန် ဩဂုတ် ၆
ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းများပေါ်သို့ ရေလျှံခြင်းတို့မှ ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ၊မရမ်းကုန်းမြို့နယ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော အမှတ်(၁) ရပ်ကွက်ရှိ ရွှေတစ်ဆုပ်လမ်းနှင့်ခိုင်ရွှေဝါလမ်းများရှိ ရေမြောင်းများတူးဖော်ဖောက်လုပ်ခြင်း လုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေများအား ဩဂုတ် ၆ ရက် နံနက်ပိုင်းက အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းနှင့် တာဝန်ရှိသူများလိုက်ပါ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြရာ အဆိုပါ ရေမြောင်းဆောင်ရွက်မှုမှာ ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်းပြီးစီးပြီး ဆက်လက်လုပ်ဆောင်ရန်လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အေးကောင်း(ပြန်/ဆက်)