နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းခြံကုန်းမြို့နယ်တွင် ငါးမျိုးစိုက်ထည့်ပွဲနှင့်ငါးမျိုးများ ပေးအပ်ပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၆


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမျိုးစိုက်ထည့်ပွဲ နှင့်ငါးမျိုးများပေးအပ်ပွဲကို ဩဂုတ် ၆ ရက် နံနက်(၈)နာရီက တောင်ဘက်ပိုင်းရပ်ကွက် ကွမ်းခြံကုန်း လက်ခုပ်ကုန်း ကားလမ်းဘေးတွင်ရှိသောကွင်းအမှတ်(၃၇၀/A)တောင်သူဦးညွှန့်ရွေ၏စပါးစိုက်ကွင်း၌ကျင်းပခဲ့သည်။

ငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ တောင်သူဦးကြီးများတက်ရောက်၍ စပါးစိုက်ခင်းများအတွင်းငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။ ငါးမျိုးများစိုက်ထည့်ရာတွင်ငါးခုံးမကြီးကောင်ရေ(၁၀၀,၀၀၀)အားစပါးခင်းဧရိယာဧက(၂၀၀)အတွက် တစ်ဧကလျှင်ကောင်ရေ(၅၀၀)နှုန်းဖြင့် တောင်သူဦးကြီး ၃၁ ဦးကို ငါးသားပေါက်အိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။                                                                                                     

 ထွန်းထွန်းစိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ