နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT ၏ ဖုန်းငွေဖြည့်လက်ဆောင်အစီအစဉ် မှ MPT သုံးစွဲသူများအတွက် Facebook ဒေတာ လက်ဆောင်များ ပေးအပ်

ရန်ကုန်၊ ဩဂုတ် ၆


မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို  စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိရာ ယင်း၏ အင်တာနက်ဒေတာစွဲလမ်း နှစ်ခြိုက်စွာသုံးစွဲသူများကို Facebook နှင့် Messenger အသုံးပြုမှုအတွက် “Facebook ဒေတာအတွက် ဖုန်းငွေဖြည့်လက်ဆောင်” အစီအစဉ်သစ်ကို ဩဂုတ် ၅ ရက်က စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သုံးစွဲသူများသည် ဖုန်းငွေဖြည့်သည့်အခါ MPT4U မှတစ်ဆင့် voucher card ကိုအသုံးပြု၍ သတ်မှတ်ထား သော ငွေဖြည့်ပမာဏအတိုင်း ငွေဖြည့်ရုံဖြင့် အဆိုပါအစီအစဉ်၏ အကျိုးကျေးဇူးနှင့် Facebook ဒေတာ လက်ဆောင်ကို ရယူနိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါအစီအစဉ်ဖြင့် ဖုန်းငွေဖြည့်သူများအနေဖြင့် စိတ်လှုပ်ရှား ဖွယ်ရာ ဆုပေါင်းများစွာရယူနိုင်မည့် “ငွေမိုးဖြိုင်ဖြိုင်” ကံစမ်းမဲ အစီအစဉ်တွင် အလိုအလျောက်ပါဝင်နိုင်မည် ဖြစ်သည်။

MPT မှ (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) အစီအစဉ်ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံး GSM/ WCDMA   ဝန်ဆောင်မှု သုံးစွဲသူများအားလုံးသည် Facebook ဒေတာအတွက် ဖုန်းငွေဖြည့်လက်ဆောင် အထူးအစီအစဉ်ကိုရယူနိုင်ပြီး Facebook ဒေတာလက်ဆောင်များကို အောက်ဖော်ပြပါသက်တမ်းများအတိုင်း ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် နေ့စဉ်အကန့်အသတ်မရှိဖုန်းငွေဖြည့်နိုင်ကာ ငွေဖြည့်မှုပမာဏနှင့်အတူ ဒေတာ လက်ဆောင်များပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးရရှိအသုံးပြုနိုင်သည့် ငွေဖြည့်သက်တမ်းအတိုင်း ကုန်ဆုံးမည်ဖြစ်သည်။

MPT သုံးစွဲသူများသည် အဆိုပါ  ငွေဖြည့်ဒေတာလက်ဆောင်ကို  Facebook App (ပြင်ပ websites များသို့ တိုက်ရိုက်ဝင်ရောက်သည့် linksများမပါဝင်), Messenger (voice,video callများမပါဝင်) နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်းတို့ကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် လက်ရှိအသုံးပြုနေသော ဒေတာ ပက်ကေ့ချ်များ သို့မဟုတ် ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (pay-as-you-go) အစီအစဉ်ဖြင့် Messenger Voice Call နှင့် Video Call များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။

သုံးစွဲသူများအနေဖြင့်  Facebook ဒေတာလက်ဆောင်နှင့်အသုံးပြုခွင့်ရရှိသည့် နောက်ဆုံးသက်တမ်းကို *224# သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT4U App မှတစ်ဆင့် စစ်ဆေးသိရှိနိုင်ကြောင်းသိရသည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ