ရန်ကုန် သြဂုတ် ၆
ရန်ကုန်အိတ်ချိန်း၌ ဇူလိုင်လအတွင်း အစုရှယ်ယာအရေအတွက် တစ်သိန်းကျော်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လနှင့်နှိုင်းယှဉ်ပါက အရောင်းအဝယ်ပမာဏ ၁၄ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ဇူလိုင်လအတွင်း ရှယ်ယာပေါင်း ၁၂၅၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေပမာဏအနေဖြင့် ငွေကျပ် ၁ ဒသမ ၀၆ ဘီလီယံဖိုးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ တစ်ရက်လျှင် ပျမ်းမျှငွေကျပ် ၄၈ သန်း ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတော့အညွှန်းကိန်းMYANPIH မှာ၄၄၀ - ၄၄၈ ကြားရှိခဲ့ ကြောင်းသိရသည်။
COVID-19 ကြောင့်ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ လိုက်ပါမြင့်တက်ခဲ့ ကြောင်း သိရသည်။ အခြားတစ်ဖက်တွင်ဒေါ်လာဈေးနှုန်း သိသိသာသာကျဆင်းခဲ့ပြီး မြန်မာ့ငွေကြေးခိုင်မာမှု ဖြစ်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံသူအများစုသည် ကိုဗစ်ဂယက်နှင့်ရွှေဈေး မတည်ငြိမ်မှုများကြောင့် မြန်မာကျပ်ငွေ ကို လက်ဝယ်ကိုင်ဆောင်ထားသည့်အတွက် စတော့အရောင်းအဝယ် အနည်းငယ်အေးလျက်ရှိကြောင်း သိရ သည်။
ရန်ကုန်စတော့အိတ်ချိန်းက စတုတ္ထအကြိမ်ကျင်းပမည့်YSH EXPO 2020 နှင့်ပတ်သက်၍ ရန်ကုန်စတော့ အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာဦးသက်ထွန်းဦးက "YSX EXPO 2020 ကို စက်တင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်မှာ အွန်လိုင်းပလက်ဖောင်းအသုံးပြုပြီး ဒစ်ဂျစ်တယ်ပြပွဲပုံစံမျိုး လုပ်သွားဖို့ စီစဉ်ထားပါတယ် နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကိုကာကွယ်တဲ့အနေနဲ့ လူစုလူဝေးကျင်းပတဲ့ အခမ်းအနားပုံစံမျိုး မဟုတ်ဘဲ ဒီအိတ်စပို့အွန်လိုင်း ပလက်ဖောင်းကတစ်ဆင့် နိုင်ငံအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေရင်းနှီးမြှပ်နှံသူတွေအပြင် နိုင်ငံတကာမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း ချိတ်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်" ဟုပြောသည်။
ထို့အပြင် ဒစ်ဂျစ်တယ်ပြပွဲအတွင်း စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်မှတစ်ဆင့် စာရင်းဝင်ကုမ္ပဏီမှ တာဝန်ရှိ သူများ ဘဏ္ဍာရေးနယ်ပယ်အသီးသီးမှ ထင်ရှားသောပုဂ္ဂိုလ်များနှင့်စကားဝိုင်းဆွေးနွေးပွဲများကို တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ စတော့ရှယ်ယာစာရင်းဖွင့်လိုသူများအတွက်လည်း အိတ်စပို့အွန်လိုင်း ပလက်ဖေါင်းမှ တစ်ဆင့် စာရင်းဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလနှင့်မေလ ဒုတိယ သီတင်းပတ်အတွင်း တစ်ရက်လျှင် ပျှမ်းမျှမြန်မာငွေကျပ်သန်း ၆၀ ကျော်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)