နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MAI လေကြောင်းလိုင်းမှ ရန်ကုန်နှင့် ကွာလာလမ်ပူအကြား Relief Flight များ ဩဂုတ် ၁၉ ရက်တွင် ထပ်မံပြေးဆွဲမည်

ရန်ကုန် သြဂုတ် ၆


အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်း(MAI) အနေနှင့်  ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အကြား ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)များကို ဩဂုတ် ၁၉ ရက်တွင် ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကွာလာလမ်ပူ၊ ကွာလာလမ်ပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ထပ်မံ ပျံသန်းပြေးဆွဲ ရန် စီစဉ်ထားခြင်းဖြစ်ပြီး မိမိတို့နေရပ်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight) များကို ပျံသန်း ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း  အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-ကွာလာလမ်ပူ Relief Flight သည် ဩဂုတ် ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင်ထွက်ခွာမည်ဖြစ်ပြီး ကွာလာလမ်ပူ-ရန်ကုန် Relief Flight မှာလည်း ယခုလ ၁၉ ရက်၊ ညနေ ၃ နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ စတင်ထွက်ခွာ လာမည်ဖြစ်ကြောင်း၊ ထိုကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)နှင့်အတူ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးတို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

ယင်း Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူ များကိုသာ ကန့်သတ်ထားသော ခရီးသည် အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ် ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ