နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စတုတ္ထရက်မြောက်သွေးလှူဒါန်းမှုကို တိုင်းမှူး လာရောက်အားပေး

ရန်ကုန် ဧပြီ ၁၆ ရန်ကုန်တိုင်းစစ်ဌာနချုပ်( အင်းတိုင်တပ်နယ်) မှ အရာရှိစစ်သည် ၅၀ ဦးသည် ဧပြီ ၁၆ ရက်တွင် အမျိုးသားသွေးဌာနတွင် သွေးပုလင်း ၅၀ လှူဒါန်းနေမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက လာရောက်ကြည့်ရူခဲ့ပြီး သွေးလှူရှင်စစ်သည်များကိုအားပေးစကားပြောကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အမျိုးသားသွေးဌာန၏ သွေးလိုအပ်ချက်အရ ကျန်တပ်နယ်(၃)ခုဖြစ်သည့် တိုက်ကြီးတပ်နယ်၊ ဒလတပ်နယ် နှင့်သံလျင်တပ်နယ်တို့ကလည်း နေ့စဉ်ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ (NWA)






အခြားဆက်စပ်သတင်းများ