နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့နယ်တွင် အသွားအလာကန့်သတ် Facility Quarantine လေးဦး စောင့်ကြပ်ကြည့်ရှုထားရှိ

မိုင်းယောင်း   ဩဂုတ်  ၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့် နေရပ်ပြန် လေးဦးကို ဩဂုတ် ၅ ရက်၊ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားရုံ Facility Quarantine Center ၌ အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ပြည်ပမှပြန်လာသူများကို အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ် ကြည့်ရှုထားရှိပြီး မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များက နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အသွားအလာကန့်သတ်ကာလ ၂၁ ရက်ပြည့်မြောက်သူများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များကို အမျိုးသားဓါတ်ခွဲဌာန(ရန်ကုန်)သို့ ပေးပို့ဆေးစစ်ပြီး ရောဂါပိုးမတွေ့ရှိရသူများကို နေအိမ်ပြန်ခွင့်ပြုကာ Home Quarantine ခုနစ်ရက် နေထိုင်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်မိုးလုံလေလုံအားကစားရုံ Facility Quarantine Center တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ၊ လက်ဆေးနည်းအသိပညာ ပေးပိုစတာများ ချိတ်ဆွဲထားရှိပေးခြင်း၊ လက်ဆေးကန်များ တပ်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ