နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Transit Trade စနစ်ဖြင့် တင်ပို့တင်သွင်းရန် ခွင့်ပြုထားသည့် လိုင်စင်များ၏ သက်တမ်းကာလအတွင်း အမှန်တင်ပို့တင်သွင်းနိုင်မည့် ပမာဏကိုသာ လိုင်စင်လျှောက်ထားကြရမည်

ရန်ကုန်  ဩဂုတ်  ၆


Transit Trade စနစ်ဖြင့် တင်ပို့တင်သွင်းရန် ခွင့်ပြုထားသည့် လိုင်စင်များ၏  သက်တမ်းကာလအတွင်း အမှန်တကယ်တင်ပို့၊ တင်သွင်းနိုင်မည့်ကုန်ပစ္စည်းပမဏအတိုင်းအတွက်သာ လိုင်စင်လျှောက်ထားကြရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဋ္ဌာန၏ ထုတ်ပြန် သတင်းများအရသိရသည်။

TeansitTradeစနစ်ဖြင့် ခွင့်ပြုထားသည့် ပို့ကုန်သွင်းကုန်လိုင်စင်များ၏ ခွင့်ပြုသက်တမ်းခြောက်လတာကာလအတွင်း အမှန်တကယ်တင်ပို့တင်သွင်းနိုင်ခြင်းမရှိသည့် ကိစ္စများအပေါ်တွင် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအဆင်ပြေစေရေးအတွက် ဖြေလျှော့မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါဆောင်ရွက်ပေးမှုများ အရ အဆိုပါခွင့်ပြုသက်တမ်းခြောက်လတာကာလအတွင်း လိုင်စင်တွင်ကျန်ရှိနေသည့် ကုန်ပစ္စည်းတန်ဖိုးအားပြင်ဆင်ခြင်း၊ ပိတ်သိမ်းခြင်းများ၊ ပြုလုပ်ဆောင်ရွက်ပေးပြီး မူလလျှောက်ထားသည့် လိုင်စင်ပါကုန်ပစ္စည်း၊ ရောင်းသူ၊ ဝယ်သူ၊ မပြောင်းလဲဘဲ ထပ်မံလျှောက်ထားလာပါက ကြိုတင်ပေးသွင်းထားသည့် ဝန်ဆောင်ခနှင့် ဖြတ်သန်းခများအား ထပ်မံကောက်ခံခြင်းမရှိဘဲ လိုင်စင်အသစ်များအစားထိုးခွင့်ပြုထုတ်ပေးခဲ့သည်။ သို့သော် အဆိုပါကိစ္စအား ဆက်လက်ခွင့်ပြုဆောင်ရွက်ပေးပါက ဘဏ္ဍာငွေအရ၊ အသုံးဆိုင်ရာဥပဒေအရ၊ စာရင်းရှင်းလင်းဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်ပြီး သတ်မှတ်ထားသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်းများနှင့်ကိုက်ညီမှုမရှိသဖြင့် လိုင်စင်လက်ကျန်များအား မူလပေးသွင်းထားသည့် ဝန်ဆောင်ခ နှင့် ဖြတ်သန်းခများခုနှိမ်၍ လိုင်စင်အသစ်အစားထိုးလျှောက်ထားခြင်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် မှ စတင်ရပ်ဆိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ပသို့ကုန်ပစ္စည်းများ တင်ပို့တင်သွင်းလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏တင်ပို့တင်သွင်းမည့်ကိစ္စများအပေါ် အမှန် တကယ်တင်ပို့တင်သွင်းနိုင်မည့် ကုန်ပစ္စည်းများ၏ပမာဏကိုသာ စိစစ်တွက်ချက်၍ လိုင်စင်လျှောက်ထားရယူကြရမည်ဖြစ်ကြောင်းသိရသည်။                                              

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ